ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ZTE ကနေ မကြာခင် ဘာစီလိုနာမြို့မှာ ပြုလုပ်သွားမယ့် MWC 2023 Event မှာ Nubia Pad 3D ကို တရားဝင်မိတ်ဆက်သွားမယ်ဆိုပြီး ကြေညာခဲ့ပါတယ်။ အခုလည်း နောက်ထပ် AR ပိုင်းဆိုင်ရာ Product အသစ်ကို MWC 2023 မှာ ထပ်မံ မိတ်ဆက်ဖို့စီစဥ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ Product ဟာ Nubia ရဲ့ ပထမဆုံးသော ကိုယ်ပိုင် AR Smart Glasses ဖြစ်လာမှာဖြစ်ပြီး နာမည်ကို Nubia Neovision Glass လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ Apple လိုမျိုး ကုမ္ပဏီတွေက AR Smart Glasses တွေကို မိတ်ဆက်ဖို့ စီစဥ်နေတဲ့အချိန်မှာ Nubia ကနေ အရင်စောပြီး မိတ်ဆက်လာမှာလည်းဖြစ်ပါတယ်။

ZTE Nubia Neovision Glass အကြောင်းအသေးစိတ်ကို ဖော်ပြထားခြင်းမရှိသေးပေမယ့် အဆိုပါ AR Glasses တွေဟာ ပုံမှန်လူနေမှုဘဝဖြစ်တဲ့ ရုံးလုပ်ငန်း၊ အားကစား၊ ဖျော်ဖြေရေးနဲ့ တခြားသော အစိတ်အပိုင်းတွေအကုန်လုံးကို ဆောင်ရွက်နိုင်စေမယ်လို့ သိရပါတယ်။

ZTE က ဖော်ပြခဲ့တဲ့ Teaser ဓါတ်ပုံအရ Neovision Glass ကို တခြား Mobile Device တွေနဲ့ ချိတ်ဆက်ထားခြင်းမရှိတာကြောင့် သီးသန့်အလုပ်လုပ်နိုင်မယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် အသေးစိတ်အချက်အလက်တွေကို လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ တရားဝင်ကြေညာသွားမှာဖြစ်တာကြောင့် ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China