မောင်းသူမဲ့ နည်းပညာ ကုမ္ပဏီ Nuro က 7-Eleven စတိုးနဲ့ ပူးပေါင်းပြီး ကယ်လီဖိုးနီးယားမှာ ပထမဆုံး အနေနဲ့ စက်ရုပ် ကားတွေနဲ့ အစားအစာပို့ဆောင်တဲ့ ဝန်ဆောင်မှုကို ပြုလုပ်ပေးလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ Toyota Priuses ကားတွေမှာ မောင်းသူမဲ့ နည်းပညာ ထည့်သွင်းထားပြီး ပို့ဆောင်မှု ပြုလုပ်ပေးနေတာပါ။ ကားထဲမှာ စက်ရုပ် ကားကို စောင့်ကြည့်ဖို့အတွက် လူ ၁ ယောက်လိုက်ပါမှာပါလို့ Nuro က ပြောပါတယ်။

“ သတ်မှတ် တည်နေရာတွေမှာ စက်ရုပ်ကားတွေနဲ့ အစားအစာပို့ဆောင်တဲ့ Nuro ရဲ့ လုပ်ငန်းအတွက် Priuses ကားတွေဟာ ပထမအဆင့် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ စောင့်ကြည့်တဲ့ လူ လုံးဝ မပါတဲ့ Nuro ရဲ့ R2 စက်ရုပ်ကားတွေနဲ့ ဝန်ဆောင်မှုပေးမှာပါ။ “ လို့ Nuro က ပြောပါတယ်။

Nuro and 7-Eleven are launching autonomous supply service in California - Fond Car™

အခု ဝန်ဆောင်မှုကို Nuro ရုံးချုပ်တည်ရှိရာ Mountain View မှာ ပြုလုပ်ပေးနေတာ ဖြစ်ပြီး လက်ရှိ Houston နဲ့ Texas မှာ Domino Pizza တွေကို Prius နဲ့ R2 စက်ရုပ်ကားတွေနဲ့ ပို့ဆောင်ပေးနေတယ်လို့ Nuro က ပြောပါတယ်။

Nuro ဟာ California Department of Motor Vehicles ရဲ့ စက်ရုပ်ကားတွေနဲ့ စီးပွားဖြစ် လုပ်ကိုင်ခွင့်ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ အရင်ဆုံး ရခဲ့တာ ဖြစ်ပြီး Cruise နဲ့ Waymo တို့ကတော့ ဒီနှစ် စက်တင်ဘာလကျမှ ခွင့်ပြုချက်ရခဲ့တာပါ။

Waymo က စက်ရုပ်ကားတွေနဲ့ ပို့ဆောင်တဲ့ ဝန်ဆောင်မှုကို ၂၀၂၂ ခုနှစ် အစောပိုင်းမှာ စတင်မယ်လို့ ပြောပြီး Jaguar I-PACES စက်ရုပ်ကားတွေကို အသုံးပြုမှာ ဖြစ်ပါတယ်။

Ref  : reuters