Apple ဟာ လက်ရှိအချိန်မှာ iPad Pro 12.9-inch Model အတွက် mini-LED Display အမျိုးအစားကို အသုံးပြုထားပါတယ်။ ဒါပေမယ့် iPad Pro 11-inch အပြင် တခြားသော iPad တွေအတွက်ကိုတော့ LCD Display အမျိုးအစားကိုပဲ အသုံးပြုထားတုန်းဖြစ်ပါတယ်။

ဒါပေမယ့် မကြာခင်မှာ Apple ကနေ iPad Pro အကုန်လုံးကို OLED Display ကို အဆင့်မြှင့်တင်ဖို့စီစဥ်နေပြီလို့ သိရပါတယ်။ အစောဆုံးအနေနဲ့ လာမယ့် ၂၀၂၄ ခုနှစ်အတွင်းမှာ OLED Display နဲ့ iPad Pro အသစ်တွေကို မိတ်ဆက်ဖို့စီစဥ်ထားပြီး Display ပိုင်းအပြင် တခြားသော အဆင့်မြှင့်တင်မှုတွေပါ ပါဝင်လာမှာဖြစ်ပါတယ်။

အဆိုပါ Display ပိုင်းအဆင့်မြှင့်တင်မှုတွေအပြင် Tipster တစ်ဦးဖြစ်တဲ့ Revegnus ရဲ့ ပြောကြားချက်အရ Storage ပိုင်းကိုပါ အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။ လောလောဆယ်မှာ iPad Pro တွေကို 2TB Storage အထိ အမြင့်ဆုံးရွေးချယ်နိုင်မှာဖြစ်ပေမယ့် လာမယ့် OLED iPad Pro အသစ်တွေမှာ 4TB Storage အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် iPad Pro ကို အသုံးပြုပြီး Data အများအပြားသိမ်းဆည်းဖို့လိုအပ်တဲ့ Professional ပိုင်း အသုံးပြုသူတွေအနေနဲ့ အခုလိုမျိုး 4TB Storage ပါဝင်လာတာက ကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှုတစ်ခုဖြစ်မှာပါ။ ဖြစ်နိုင်ခြေတစ်ခုက အခုလိုမျိုး 4TB Storage အထိ ရွေးချယ်နိုင်တဲ့အတွက် Base Storage ကလည်း 128GB Storage အစား 256GB Storage ကနေ စတင်ဝယ်ယူနိုင်ဖွယ်ရှိပါတယ်။

ဒါ့အပြင် OLED Display ကို အဆင့်မြှင့်လိုက်တဲ့အတွက် Display Screen Size ပိုင်းမှာလည်း 11.1-inch နဲ့ 13-inch ဆိုပြီး Screen Size အသစ် ၂ မျိုး ပြောင်းလဲထားမှာဖြစ်ပါတယ်။ ဒါကြောင့် Design ပိုင်းမှာလည်း ပြောင်းလဲလာနိုင်သလို Apple ရဲ့ 3nm Architecture ကို အခြေခံထားတဲ့ M3 Chip တွေကို အသုံးပြုထားမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China