Zawgyi

OnePlus ကေန လာမယ့္ စက္တင္ဘာလ ၂၆ ရက္ေန႔မွာ OnePlus 7T Series စမတ္ဖုန္းေတြကို မိတ္ဆက္လာေတာ့မွာျဖစ္ပါတယ္။ အခုမိတ္ဆက္လာမယ့္ OnePlus 7T Series ဖုန္းေတြထဲမွာ OnePlus 7T Pro ထက္ OnePlus 7T စမတ္ဖုန္းက အဆင့္ျမႇင့္တင္မႈေတြပိုၿပီး မ်ားျပားသလိုပဲ စိတ္ဝင္စားဖို႔လည္း ပိုၿပီးေကာင္းေနျပန္ပါတယ္။

ဘာေၾကာင့္လဲဆိုရင္ OnePlus 7T က ဒီႏွစ္အေစာပိုင္းတုန္းက ထြက္ရွိခဲ့တဲ့ OnePlus 7 စမတ္ဖုန္းလိုမ်ိဳး Waterdrop Notch နဲ႔ Full HD+ Display ကိုပဲ ဆက္လက္အသုံးျပဳလာဦးမွာျဖစ္ေပမယ့္ Refresh Rate မွာေတာ့ 60Hz ကေန 90Hz ကို Upgrade ျပဳလုပ္လာမွာျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Triple Camera Setup ၊ Matte Glass Design ေတြကိုပါ အဆင့္ျမႇင့္တင္ထားလာမွာပါ။

ဒါေတြအျပင္ OnePlus 7T ေရာ ၊ OnePlus 7T Pro မွာပါ အဆင့္ျမႇင့္တင္လာမွာကေတာ့ Processor ပိုင္းပဲျဖစ္ၿပီးေတာ့ ယခင္ OnePlus 7 Pro မွာ အသုံးျပဳထားတဲ့ Qualcomm Snapdragon 855 Processor အစား Snapdragon 855+ ကို ေျပာင္းလဲအသုံးျပဳလာမွာပဲျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီ စမတ္ဖုန္း ၂ ခုစလုံးမွာ စြမ္းေဆာင္ရည္ပိုင္းပိုေကာင္းလာမွာကေတာ့ ေသခ်ာသေလာက္ကိုျဖစ္ေနပါၿပီ။

အခုအခ်ိန္မွာေတာ့ OnePlus 7T စမတ္ဖုန္းနဲ႔ OnePlus 7 Pro ဖုန္း ၂ ခုကို ယွဥ္ထားတဲ့ Geekbench Benchmark ရလဒ္ေတြထြက္လာၿပီျဖစ္ၿပီးေတာ့ OnePlus 7T က OnePlus 7 Pro ထက္ Single-Core ေရာ၊ Multi-Core Score ၂ ခုစလုံးမွာ သိသိသာသာကို သာေနတာကိုေတြ႕ရပါတယ္။ အခုရလဒ္ဟာ Geekbench Version 5.0.1 နဲ႔ တိုင္းတာထားတာျဖစ္ၿပီး OnePlus 7T မွာ RAM 8GB ပဲပါဝင္ေပမယ့္ OnePlus 7 Pro မွာေတာ့ RAM 12GB Version နဲ႔ စမ္းသပ္ထားတာပဲျဖစ္ပါတယ္။

အခု Benchmark မွာေတာ့ ဒီဖုန္း ၂ ခုစလုံးဟာ Android 10 ကို အသုံးျပဳထားတဲ့အတြက္ OnePlus 7T Series ဖုန္းေတြက Android 10 နဲ႔ တစ္ခါတည္းထြက္ရွိလာမယ္ဆိုတာကိုပါ အတည္ျပဳလိုက္သလိုျဖစ္သြားပါၿပီ။ ဘာပဲျဖစ္ျဖစ္ ဒီႏွစ္မွာ ေစ်းအမ်ားႀကီးမသုံးဘဲနဲ႔ စြမ္းေဆာင္ရည္ေကာင္းေကာင္း စမတ္ဖုန္းတစ္ခုကိုရွာေနတယ္ဆိုရင္ေတာ့ OnePlus 7T က ေ႐ြးခ်ယ္စရာဖုန္းတစ္ခုျဖစ္လာဖို႔မ်ားေနပါတယ္။

Ref – Phone Arena

Unicode

OnePlus ကနေ လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ OnePlus 7T Series စမတ်ဖုန်းတွေကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ အခုမိတ်ဆက်လာမယ့် OnePlus 7T Series ဖုန်းတွေထဲမှာ OnePlus 7T Pro ထက် OnePlus 7T စမတ်ဖုန်းက အဆင့်မြှင့်တင်မှုတွေပိုပြီး များပြားသလိုပဲ စိတ်ဝင်စားဖို့လည်း ပိုပြီးကောင်းနေပြန်ပါတယ်။

ဘာကြောင့်လဲဆိုရင် OnePlus 7T က ဒီနှစ်အစောပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ OnePlus 7 စမတ်ဖုန်းလိုမျိုးပဲ Waterdrop Notch နဲ့ Full HD+ Display ကိုပဲ ဆက်လက်အသုံးပြုလာဦးမှာဖြစ်ပေမယ့် Refresh Rate မှာတော့ 60Hz ကနေ 90Hz ကို Upgrade ပြုလုပ်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Triple Camera Setup ၊ Matte Glass Design တွေကိုပါ အဆင့်မြှင့်တင်ထားလာမှာပါ။

ဒါတွေအပြင် OnePlus 7T ရော ၊ OnePlus 7T Pro မှာပါ အဆင့်မြှင့်တင်လာမှာကတော့ Processor ပိုင်းပဲဖြစ်ပြီးတော့ ယခင် OnePlus 7 Pro မှာ အသုံးပြုထားတဲ့ Qualcomm Snapdragon 855 Processor အစား Snapdragon 855+ ကို ပြောင်းလဲအသုံးပြုလာမှာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီ စမတ်ဖုန်း ၂ ခုစလုံးမှာ စွမ်းဆောင်ရည်ပိုင်းပိုကောင်းလာမှာကတော့ သေချာသလောက်ကိုဖြစ်နေပါပြီ။

အခုအချိန်မှာတော့ OnePlus 7T စမတ်ဖုန်းနဲ့ OnePlus 7 Pro ဖုန်း ၂ ခုကို ယှဥ်ထားတဲ့ Geekbench Benchmark ရလဒ်တွေထွက်လာပြီဖြစ်ပြီးတော့ OnePlus 7T က OnePlus 7 Pro ထက် Single-Core ရော၊ Multi-Core Score ၂ ခုစလုံးမှာ သိသိသာသာကို သာနေတာကိုတွေ့ရပါတယ်။ အခုရလဒ်ဟာ Geekbench Version 5.0.1 နဲ့ တိုင်းတာထားတာဖြစ်ပြီးတော့ OnePlus 7T မှာ RAM 8GB ပဲပါဝင်ပေမယ့် OnePlus 7 Pro မှာတော့ RAM 12GB Version နဲ့ စမ်းသပ်ထားတာပဲဖြစ်ပါတယ်။

အခု Benchmark မှာတော့ ဒီဖုန်း ၂ ခုစလုံးဟာ Android 10 ကို အသုံးပြုထားတဲ့အတွက် OnePlus 7T Series ဖုန်းတွေက Android 10 နဲ့ တစ်ခါတည်းထွက်ရှိလာမယ်ဆိုတာကိုပါ အတည်ပြုလိုက်သလိုဖြစ်သွားပါပြီ။ ဘာပဲဖြစ်ဖြစ် ဒီနှစ်မှာ စျေးအများကြီးမသုံးဘဲနဲ့ စွမ်းဆောင်ရည်ကောင်းကောင်း စမတ်ဖုန်းတစ်ခုကိုရှာနေတယ်ဆိုရင်တော့ OnePlus 7T က ရွေးချယ်စရာဖုန်းတစ်ခုဖြစ်လာဖို့များနေပါတယ်။

Ref – Phone Arena