Zawgyi

OnePlus ကုမၸဏီအေနနဲ႔ ပုံမွန္အားျဖင့္ တစ္ႏွစ္ကို စမတ္ဖုန္း ၂ ႀကိမ္မိတ္ဆက္ေနၾကျဖစ္ပါတယ္။ ဒီႏွစ္မွာလည္း OnePlus ကေန OnePlus 7 နဲ႔ OnePlus 7 Pro ဖုန္းေတြကို မိတ္ဆက္ထားခဲ့ၿပီး အခုမၾကာခင္မွာလည္း OnePlus 7T နဲ႔ OnePlus 7T Pro ဖုန္းေတြကို မိတ္ဆက္လာေတာ့မွာပါ။

အခုအခ်ိန္မွာေတာ့ OnePlus ရဲ႕ OnePlus 7T စမတ္ဖုန္းရဲ႕ High Quality Render ဓါတ္ပုံနဲ႔ ဗီဒီယိုေတြကို နာမည္ႀကီး Leak Website တစ္ခုျဖစ္တဲ့ OnLeaks ကေန တင္လိုက္ၿပီျဖစ္ပါတယ္။ OnePlus 7T ဖုန္းဟာ လာမယ့္ စက္တင္ဘာလကုန္ပိုင္းမွာမိတ္ဆက္လာမွာျဖစ္ၿပီး OnLeaks ရဲ႕ Renders ေတြအရေတာ့ Design ပိုင္းမွာ ႀကီးမားတဲ့အေျပာင္းအလဲေတြရွိလာတာကို ေတြ႕ရပါတယ္။

ပထမဆုံးေျပာင္းလဲမႈကေတာ့ ကင္မရာပိုင္းပဲျဖစ္ၿပီးေတ့ာ Triple Camera Setup ကို အဝိုင္းပုံစံနဲ႔ ျပဳလုပ္ထားတာပဲျဖစ္ပါတယ္။ ဒီကင္မရာ ၃ လုံးရဲ႕ ေအာက္ဘက္မွာ Dual LED Flash ပါဝင္ၿပီးေတာ့ အေပၚဘက္ျခမ္းမွာေတာ့ ဘာမွပါဝင္ျခင္းမရွိပါဘူး။ အဲ့ဒီအတြက္ ျဖစ္ႏိုင္တာက OnePlus အေနနဲ႔ OnePlus 7T ကို လက္ရွိ OnePlus 7 Pro လိုမ်ိဳး Triple Camera ထည့္သြင္းေပးလိုက္ၿပီးေတာ့ OnePlus 7T Pro မွာေတာ့ ကင္မရာအေပၚဘက္မွာ ေနာက္ထပ္ ToF Camera တစ္ခုပါဝင္လာႏိုင္ဖြယ္ရွိေနပါတယ္။

ဖုန္းရဲ႕ အေရွ႕ဘက္ျခမ္းမွာေတာ့ သိသိသာသာေျပာင္းလဲသြားျခင္းမရွိဘဲ OnePlus 7T က လက္ရွိ OnePlus 7 စမတ္ဖုန္းလိုမ်ိဳးပဲ Selfie Camera အတြက္ Waterdrop Notch ကို ဆက္လက္အသုံးျပဳလာဦးမွာျဖစ္ပါတယ္။ Body ပိုင္းအေနနဲ႔ေတာ့ လက္ရွိ OnePlus ဖုန္းေတြလိုမ်ိဳးပဲ Glass Body ကို အသုံးျပဳလာမွာပါ။

Specification ပိုင္းအေနနဲ႔ကေတာ့ OnePlus 7T ဟာ 6.5″ FHD+ Optic AMOLED Display ကို အသုံးျပဳလာမွာျဖစ္ၿပီးေတာ့ လက္ရွိ OnePlus 7 စမတ္ဖုန္းထက္လည္း အနည္းငယ္ အ႐ြယ္အစားႀကီးမယ္လို႔ သိရပါတယ္။ Processor ပိုင္းအေနနဲ႔ကေတာ့ Snapdragon 855+ ကို သုံးလာမယ့္အျပင္ RAM 12GB နဲ႔ Storage 512GB အထိပါဝင္လာမွာလည္းျဖစ္ပါတယ္။ ဒါ့အျပင္ Battery ကလည္း 3700mAh ထက္ပိုၿပီး မ်ားမွာျဖစ္ၿပီး OnePlus ရဲ႕ 30W Wrap Charge စနစ္လည္း ပါဝင္မွာပါ။

လက္ရွိသိထားရတဲ့သတင္းေတြအရေတာ့ OnePlus ကေန ဒီႏွစ္မွာလည္း McLearn Edition ဖုန္းတစ္ခုကို မိတ္ဆက္လာဦးမွာျဖစ္ၿပီး အဆိုပါ McLearn Edition ဖုန္းက OnePlus 7T ထက္ OnePlus 7T Pro ျဖစ္လာႏိုင္ပါတယ္။

Ref – Phone Arena

Unicode

OnePlus ကုမ္ပဏီအနေနဲ့ ပုံမှန်အားဖြင့် တစ်နှစ်ကို စမတ်ဖုန်း ၂ ကြိမ်မိတ်ဆက်နေကြဖြစ်ပါတယ်။ ဒီနှစ်မှာလည်း OnePlus ကနေ OnePlus 7 နဲ့ OnePlus 7 Pro ဖုန်းတွေကို မိတ်ဆက်ထားခဲ့ပြီး အခုမကြာခင်မှာလည်း OnePlus 7T နဲ့ OnePlus 7T Pro ဖုန်းတွေကို မိတ်ဆက်လာတော့မှာပါ။

အခုအချိန်မှာတော့ OnePlus ရဲ့ OnePlus 7T စမတ်ဖုန်းရဲ့ High Quality Render ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို နာမည်ကြီး Leak Website တစ်ခုဖြစ်တဲ့ OnLeaks ကနေ တင်လိုက်ပြီဖြစ်ပါတယ်။ OnePlus 7T ဖုန်းဟာ လာမယ့် စက်တင်ဘာလကုန်ပိုင်းမှာမိတ်ဆက်လာမှာဖြစ်ပြီး OnLeaks ရဲ့ Renders တွေအရတော့ Design ပိုင်းမှာ ကြီးမားတဲ့အပြောင်းအလဲတွေရှိလာတာကို တွေ့ရပါတယ်။

ပထမဆုံးပြောင်းလဲမှုကတော့ ကင်မရာပိုင်းပဲဖြစ်ပြီးတေ့ာ Triple Camera Setup ကို အဝိုင်းပုံစံနဲ့ ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ ဒီကင်မရာ ၃ လုံးရဲ့ အောက်ဘက်မှာ Dual LED Flash ပါဝင်ပြီးတော့ အပေါ်ဘက်ခြမ်းမှာတော့ ဘာမှပါဝင်ခြင်းမရှိပါဘူး။ အဲ့ဒီအတွက် ဖြစ်နိုင်တာက OnePlus အနေနဲ့ OnePlus 7T ကို လက်ရှိ OnePlus 7 Pro လိုမျိုး Triple Camera ထည့်သွင်းပေးလိုက်ပြီးတော့ OnePlus 7T Pro မှာတော့ ကင်မရာအပေါ်ဘက်မှာ နောက်ထပ် ToF Camera တစ်ခုပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

ဖုန်းရဲ့ အရှေ့ဘက်ခြမ်းမှာတော့ သိသိသာသာပြောင်းလဲသွားခြင်းမရှိဘဲ OnePlus 7T က လက်ရှိ OnePlus 7 စမတ်ဖုန်းလိုမျိုးပဲ Selfie Camera အတွက် Waterdrop Notch ကို ဆက်လက်အသုံးပြုလာဦးမှာဖြစ်ပါတယ်။ Body ပိုင်းအနေနဲ့တော့ လက်ရှိ OnePlus ဖုန်းတွေလိုမျိုးပဲ Glass Body ကို အသုံးပြုလာမှာပါ။

Specification ပိုင်းအနေနဲ့ကတော့ OnePlus 7T ဟာ 6.5″ FHD+ Optic AMOLED Display ကို အသုံးပြုလာမှာဖြစ်ပြီးတော့ လက်ရှိ OnePlus 7 စမတ်ဖုန်းထက်လည်း အနည်းငယ် အရွယ်အစားကြီးမယ်လို့ သိရပါတယ်။ Processor ပိုင်းအနေနဲ့ကတော့ Snapdragon 855+ ကို သုံးလာမယ့်အပြင် RAM 12GB နဲ့ Storage 512GB အထိပါဝင်လာမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Battery ကလည်း 3700mAh ထက်ပိုပြီး များမှာဖြစ်ပြီး OnePlus ရဲ့ 30W Wrap Charge စနစ်လည်း ပါဝင်မှာပါ။

လက်ရှိသိထားရတဲ့သတင်းတွေအရတော့ OnePlus ကနေ ဒီနှစ်မှာလည်း McLearn Edition ဖုန်းတစ်ခုကို မိတ်ဆက်လာဦးမှာဖြစ်ပြီး အဆိုပါ McLearn Edition ဖုန်းက OnePlus 7T ထက် OnePlus 7T Pro ဖြစ်လာနိုင်ပါတယ်။

Ref – Phone Arena