Zawgyi






Ref – The Verge

Unicode

OnePlus ကနေ ပုံမှန်ထုတ်နေကြ T Series စမတ်ဖုန်းတွေဖြစ်လာမယ့် OnePlus 7T နဲ့ OnePlus 7T Pro ဖုန်းတွေကို လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ မိတ်ဆက်သွားမယ်ဆိုပြီး အတည်ပြုပေးလိုက်ပါပြီ။

အခု OnePlus 7T Series တွေဟာ လာမယ့် စက်တင်ဘာလ ၂၆ ရက်နေ့မှာ India နဲ့ North America မှာ အရင်ဆုံးမိတ်ဆက်လာမှာဖြစ်ပြီးတော့ နောက်လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့မှာလည်း London မှာ ထပ်မံမိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။

OnePlus 7T Series တွေရဲ့ Invitation မှာတော့ ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာဦးမလဲဆိုတာကို သေချာပြောကြားထားခြင်းမရှိပေမယ့် 90Hz Display ကိုပဲ အလေးပေးပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ဖြစ်နိုင်တာက သတင်းတွေထွက်ထားသလိုပဲ အခုအချိန်မှတော့ OnePlus 7T Pro တင်မဟုတ်ဘဲ OnePlus 7T ဖုန်းကပါ 90Hz Display ပါဝင်လာဖို့ကတော့ ကျိန်းသေနေပါပြီ။

OnePlus 7T စမတ်ဖုန်းတွေက Snapdragon 855+ Processor ၊ Battery ပိုင်း Improvement တွေအဓိကပြုလုပ်ထားမှာဖြစ်ပြီး OnePlus 7T ဖုန်းမှာဆိုရင် Design ပြောင်းလဲထားတဲ့ Triple Camera Setup ကို အသုံးပြုလာမှာပါ။

ဘာပဲဖြစ်ဖြစ် OnePlus ဖုန်းသစ်တွေကို စောင့်နေတဲ့သူတွေအနေနဲ့ အချိန်အကြာကြီး စောင့်ဆိုင်းစရာမလိုတော့ပါဘူး။

Ref – The Verge