[Zawgyi]

OnePlus 7T နဲ႔ OnePlus 7T Pro တို႔ကို မၾကာခင္ ေၾကညာေတာ့မွာ ျဖစ္ၿပီး အခုေတာ့ Geekbench မွာ OnePlus 7T ရဲ႕ သတင္းအခ်က္အလက္ေတြ ထြက္ေပၚလာပါတယ္။ ေမာ္ဒယ္နံပါတ္ဟာ HD1990 ျဖစ္ၿပီး Single-core Score ဟာ ၃,၉၈၃ ျဖစ္ပါတယ္။ OnePlus 7 Pro ထက္ ၁၅ ရာခုိင္ႏႈန္း ပိုျမန္လာတာပါ။ ဒါေပမယ့္ Multi-core Score ဟာ ၁၀,၉၄၃ ျဖစ္ၿပီး လက္ရွိ SD855 ပါတဲ့ စြမ္းရည္ျမင့္ စမတ္ဖုန္းေတြေလာက္ပဲရွိပါတယ္။

တရုတ္က Tipster ၁ ေယာက္က အဲဒီ စမတ္ဖုန္းဟာ OnePlus 7T ျဖစ္မယ္လို႔ ေျပာပါတယ္။ ဒါေပမယ့္ တရုတ္မွာ ေရာင္းမယ့္ ေမာ္ဒယ္မွာ Google Services မပါဘဲ Hydrogen OS ထည့္ထားမွာ ျဖစ္ပါတယ္။ သူက အဲဒီ စမတ္ဖုန္းမွာ Snapdragon 855 Plus Chipset ေမာင္းႏွင္ထားမယ္လို႔ ေျပာပါတယ္။ Geekbench က ေမာ္ဒယ္မွာ 8GB RAM ထည့္သြင္းထားပါတယ္။

OnePlus 7T မွာ Android 10 ပါလာမယ္လို႔ သိရပါတယ္။ အရင္မ်ိဳးဆက္ OnePlus 6T မွာလည္း အဲဒီအခ်ိန္တုန္းက ေနာက္ဆံုးထုတ္ Android OS ပါလာပါတယ္။ အျခား ထြက္ေပၚေနတဲ့ သတင္းေတြအရ OnePlus 7T မွာ 90Hz Display ပါလာႏုိင္ၿပီး 2K Resolution  ျဖစ္ပါတယ္။  လက္ေဗြရာ အာရံုခံ ကိရိယာကို OLED Panel ေအာက္မွာ ထည့္သြင္းထားႏုိင္ပါတယ္။ OnePlus နဲ႔ အဂၤလန္ အေျခစိုက္ ၿပိဳင္ကားကုမၸဏီတို႔ ပူးေပါင္းထားတဲ့ အတြက္ McLaren Edition ကိုလည္း ထုတ္လုပ္မယ္လို႔ ထင္ရပါတယ္။ ဒါေပမယ့္ အဲဒီ ေမာ္ဒယ္ကို Pro အတြက္သာ ထုတ္လုပ္ႏုိင္ပါတယ္။

Ref : gsmarena

[Unicode]

Android 10 ပါလာနိုင်တဲ့ OnePlus 7T

OnePlus 7T နဲ့ OnePlus 7T Pro တို့ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ Geekbench မှာ OnePlus 7T ရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ မော်ဒယ်နံပါတ်ဟာ HD1990 ဖြစ်ပြီး Single-core Score ဟာ ၃,၉၈၃ ဖြစ်ပါတယ်။ OnePlus 7 Pro ထက် ၁၅ ရာခိုင်နှုန်း ပိုမြန်လာတာပါ။ ဒါပေမယ့် Multi-core Score ဟာ ၁၀,၉၄၃ ဖြစ်ပြီး လက်ရှိ SD855 ပါတဲ့ စွမ်းရည်မြင့် စမတ်ဖုန်းတွေလောက်ပဲရှိပါတယ်။

တရုတ်က Tipster ၁ ယောက်က အဲဒီ စမတ်ဖုန်းဟာ OnePlus 7T ဖြစ်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် တရုတ်မှာ ရောင်းမယ့် မော်ဒယ်မှာ Google Services မပါဘဲ Hydrogen OS ထည့်ထားမှာ ဖြစ်ပါတယ်။ သူက အဲဒီ စမတ်ဖုန်းမှာ Snapdragon 855 Plus Chipset မောင်းနှင်ထားမယ်လို့ ပြောပါတယ်။ Geekbench က မော်ဒယ်မှာ 8GB RAM ထည့်သွင်းထားပါတယ်။

OnePlus 7T မှာ Android 10 ပါလာမယ်လို့ သိရပါတယ်။ အရင်မျိုးဆက် OnePlus 6T မှာလည်း အဲဒီအချိန်တုန်းက နောက်ဆုံးထုတ် Android OS ပါလာပါတယ်။ အခြား ထွက်ပေါ်နေတဲ့ သတင်းတွေအရ OnePlus 7T မှာ 90 Hz Display ပါလာနိုင်ပြီး 2K Resolution ဖြစ်ပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို OLED Panel အောက်မှာ ထည့်သွင်းထားနိုင်ပါတယ်။ OnePlus နဲ့ အင်္ဂလန် အခြေစိုက် ပြိုင်ကားကုမ္ပဏီတို့ ပူးပေါင်းထားတဲ့ အတွက် McLaren Edition ကိုလည်း ထုတ်လုပ်မယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် အဲဒီ မော်ဒယ်ကို Pro အတွက်သာ ထုတ်လုပ်နိုင်ပါတယ်။

Ref : gsmarena