ပြီးခဲ့တဲ့ရက်သတ္တပါတ်တုန်းက နာမည်ကြီး Leaker တစ်ဦးဖြစ်တဲ့ @OnLeaks ကနေ OnePlus ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်းအတွက် Render ဓါတ်ပုံတွေကို ထုတ်ပြခဲ့ပါတယ်။ အခုလည်း အဆိုပါ @OnLeaks Leaker ကနေပဲ OnePlus Fold ဖုန်းရဲ့ Specs တွေကို အသေးစိတ်ပြောကြားလိုက်ပါပြီ။


OnePlus Fold ဖုန်းဟာ အတွင်းဘက် Main Foldable Display ကို 7.8″ AMOLED Panel ကို အသုံးပြုထားမှာဖြစ်ပြီး Resolution အနေနဲ့ 1900 x 2100 Pixels ရှိမှာဖြစ်ပါတယ်။ LTPO Panel အမျိုးအစားဖြစ်တာကြောင့် Refresh Rate ကို 1-120Hz အထိ ပြောင်းလဲအသုံးပြုနိုင်မယ်လို့ သိရပါတယ်။

အပြင်ဘက် Cover Display အနေနဲ့ 6.3″ AMOLED Display ကို ထည့်သွင်းပေးထားမှာဖြစ်ပြီး LTPO Display အမျိုးအစားမဟုတ်ပေမယ့် 120Hz Refresh Rate ကို ထောက်ပံ့ပေးနိုင်မှာပါ။

Performance ပိုင်းမှာ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားပြီး RAM 16GB အပြင် 256GB Storage ပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းမှာ 4800mAh Battery ကို ထည့်သွင်းပေးထားပြီး 67W Fast Charging ကို ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။

Camera ပိုင်းအနေနဲ့ 48MP Sony IMX890 Main Sensor ၊ 48MP Ultrawide Sensor နဲ့ 64MP Telephoto Sensor တွေပါဝင်တဲ့ Triple Camera Setup ကိုအသုံးပြုထားပြီး Hasselblad နဲ့ ပူးပေါင်းထုတ်လုပ်ထားဦးမှာဖြစ်ပါတယ်။ Selfie Camera အတွက် Cover Display မှာ 32MP Sensor ထည့်သွင်းထားပြီး အတွင်းပိုင်း Main Display မှာ 20MP Sensor ပါဝင်မှာဖြစ်ပါတယ်။

OnePlus Fold Foldable ဖုန်းကို မိတ်ဆက်မယ့်အချိန်ကိုတော့ အခုအချိန်အထိ အတိအကျမသိရသေးပေမယ့် လာမယ့် သြဂုတ်လအတွင်းမှာ US ၊ New York မြို့မှာ မိတ်ဆက်ဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းရရှိထားပါတယ်။

Ref – GSM Arena