OnePlus ကုမ္ပဏီဟာ ယခုနှစ်အစောပိုင်းတုန်းက OnePlus 11 ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပြီး ယခုနှစ်အတွင်းမှာပဲ Foldable ဖုန်းကို ထပ်မိတ်ဆက်ဖို့ ရှိနေတယ်ဆိုတာကို အရိတ်အမြွတ်ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာတော့ OnePlus ရဲ့ ပထမဆုံး Foldable ဖုန်း မိတ်ဆက်မယ့်အချိန်က ပေါက်ကြားလာခဲ့ပါပြီ။

အဆိုပါသတင်းကို Tipster တစ်ဦးဖြစ်တဲ့ Abhishek Yadav ကနေ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပြီး “Re-embark to the best of OnePlus” ဆိုတဲ့ စာတန်းပါဝင်တဲ့ Official “OnePlus Road Trip Futurebound” ဓါတ်ပုံ Poster ကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါ Poster ပုံမှာ June 16 ကနေ August 19 ဆိုပြီး ရေးသားထားတဲ့အတွက် အဆိုပါ အချိန်အတွင်းမှာ မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။

လောလောဆယ်မှာ OnePlus ကနေ OnePlus Nord 3 ဖုန်းကို ယခုလကုန်ပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတာကြောင့် OnePlus Foldable ဖုန်းဟာ သြဂုတ်လ ၁၉ ရက်နေ့မတိုင်ခင် မိတ်ဆက်မှာ သေချာသလောက်ဖြစ်နေပါတယ်။ လာမယ့် ဇူလိုင်လအတွင်းမှာ Samsung ကနေ Galaxy Foldable ဖုန်းအသစ်တွေကိုလည်း မိတ်ဆက်ဖို့ စီစဥ်နေတာကြောင့် OnePlus ရဲ့ ပထမဆုံး Foldable ဖုန်းက အောင်မြင်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

OnPlus Foldable ဖုန်းဟာ 8″ QHD+ Foldable OLED Display ကို အဓိကထည့်သွင်းထားမှာဖြစ်ပြီး အပြင်ဘက်မှာ 6.5″ Full HD+ OLED Display ပါဝင်မှာဖြစ်ပါတယ်။ Performance ပိုင်းမှာ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ ကျန်တဲ့အချက်အလက်တွေကိုတော့ မသိရှိရသေးတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – Gizmo China