OnePlus ဟာ Foldable စမတ်ဖုန်း ၁ လုံးကို ဖန်တီးနေပြီး ရိုးစင်းတဲ့ OnePlus Fold အမည်ကို ပေးထားမယ်လို့ သတင်းထွက်နေတာ ကြာပါပြီ။ အခုတော့ ကုမ္ပဏီက အဲဒီ Foldable စမတ်ဖုန်းကို OnePlus Open လို့ အမည်ပေးထားမယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီသတင်းကို တွစ်တာမှာ Max Jambor က မျှဝေထားတာ ဖြစ်ပြီး ကုမ္ပဏီဟာ အဲဒီ အမည်ကို ဒီနှစ် အစောပိုင်းက မှတ်ပုံတင်ထားတာလို့ သူက ပြောပါတယ်။

OnePlus Open အမည်က ထူးခြားဆန်းသစ်တယ်လို့ ပြောရမှာပါ။ Foldable စမတ်ဖုန်း လောကမှာ Galaxy Fold, Mix Fold, X Fold စသဖြင့် Fold ပါတဲ့ အမည်တွေကိုပဲ ပေးထားကြတဲ့အတွက် OnePlus Open က တစ်မူထူးခြားနေမှာ ဖြစ်ပါတယ်။ Max Jambor က OnePlus ဟာ Prime, Wing, Peak နဲ့ Edge အမည်တွေကိုလည်း စဉ်းစားခဲ့တယ်လို့ ပြောပါတယ်။

OnePlus Open ကို ဩဂုတ်လနှောင်းပိုင်းမှာ ကြေညာမယ်လို့ ထင်ရပြီး ပေါက်ကြားလာတဲ့ ဓါတ်ပုံတွေအရ စက်ဝိုင်းပုံသဏ္ဍာန် ကင်မရာ Island ပါလာမှာပါ။ ဘေးဘက်တွေက ပြားချပ်ပြီး ဘယ်ဘက်ခြမ်းမှာ Alert Slider တပ်ဆင်ထားမှာ ဖြစ်ပါတယ်။

ပင်မ မျက်နှာပြင်ဟာ 7.8” AMOLED ဖြစ်ပြီး ကာဗာ မျက်နှာပြင်ဟာ 6.3” AMOLED ဖြစ်နိုင်ပါတယ်။ Chipset က Qualcomm Snapdragon 8 Gen 2 ဖြစ်ပြီး 16GB RAM နဲ့ 512GB Storage ပါလာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena