OnePlus ကနေ မကြာခင်မှာ Nord Series ဖုန်းသစ်တွေကိုမိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ ဖုန်းသစ်တွေက OnePlus Nord 3 အပြင် OnePlus Nord CE 3 ဖုန်းတွေပါဝင်မယ်လို့ သိရပါတယ်။

အခုလည်း OnePlus ကနေ Nord CE 3 ဖုန်းမှာပါဝင်လာမယ့် Chipset ကို တရားဝင်ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ OnePlus ရဲ့ Website Landing Page မှာ ဖော်ပြခဲ့တာဖြစ်ပြီး OnePlus Nord CE 3 ဖုန်းဟာ Qualcomm Snapdragon 782G Chipset ကို အသုံးပြုထားမှာ သေချာသွားပါပြီ။

Snapdragon 782G Chipset ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက မိတ်ဆက်ခဲ့တာဖြစ်ပြီး Snapdragon 778G+ Chipset ကို အစားထိုးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Performance ပိုင်းမှာ Snapdragon 7 Gen 2 လိုမျိုး Chipset တွေကို မမီသေးဘဲ Mid Range Level ပဲ စွမ်းဆောင်ရည်ရှိမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် OnePlus Nord CE 3 ဖုန်းဟာ လက်ရှိထွက်ရှိထားတဲ့သတင်းတွေအရ 6.7″ 120Hz AMOLED Display ၊ 50MP Main Camera ပါဝင်တဲ့ Triple Camera Setup ၊ 5000mAh Battery ကိုမှ 80W Fast Charging တွေထောက်ပံ့ထားမယ်လို့ သိရတဲ့အတွက် လူကြိုက်များတဲ့ Mid Range ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena