OnePlus ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Cloud 11 အမည်ရတဲ့ Launch Event တစ်ခုကို ကျင်းပခဲ့ပါတယ်။ အဆိုပါ Event မှာ Global စျေးကွက်အတွက် OnePlus 11 ဖုန်းအပြင် OnePlus 11R ၊ OnePlus Pad ၊​ OnePlus Buds 2 Pro နဲ့ OnePlus TV အသစ်တွေကို တရားဝင်မိတ်ဆက်သွားခဲ့ပါတယ်။

ဒါ့အပြင် OnePlus ဟာ ယခုနှစ်အတွင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ Product အသစ်တွေကိုပါ အရိပ်အမြွတ်ပြောကြားလိုက်ပါတယ်။ အဲ့ဒီထဲမှာ OnePlus ရဲ့ ပထမဆုံး Custom Mechanical Keyboard ဖြစ်လာမယ့် Keyboard 81 Pro လည်းပါဝင်မှာဖြစ်ပါတယ်။

နောက်ထပ် OnePlus ကနေ ကြေညာသွားတဲ့ Product ကို နာမည်အတိအကျဖော်ပြခဲ့ခြင်းမရှိပေမယ့် Foldable ဖုန်းကို ယခုနှစ် တတိယ ၃ လပါတ်အတွင်းမှာ မိတ်ဆက်သွားမယ်ဆိုပြီး အတည်ပြုပြောကြားခဲ့ပါတယ်။ အဆိုပါ Foldable ဖုန်းရဲ့ ဓါတ်ပုံကို Teaser အနေနဲ့ ဖော်ပြခဲ့ပေမယ့် ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကို ခန့်မှန်းဖို့ ခက်ခဲနေပါတယ်။

အစောပိုင်းတုန်းကထွက်ရှိထားတဲ့သတင်းတွေအရ OnePlus ဟာ OnePlus V Fold နဲ့ OnePlus V Flip ဆိုပြီး Foldable ဖုန်း ၂ မျိုး မိတ်ဆက်ဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ Foldable ဖုန်းတွေဟာ ဒီဇိုင်းပိုင်းမှာ OPPO ကနေ နောက်ဆုံးမိတ်ဆက်ထားတဲ့ Find N2 နဲ့ Find N2 Flip ဖုန်းတွေနဲ့ ဆင်တူမှာဖြစ်ပါတယ်။

Ref – Gizmo China