OpenAI က iOS User တွေအတွက် Standalone ChatGPT App ကို ဖြန့်ချိပေးလိုက်ပြီး အခမဲ့ Download ရယူကာ အသုံးပြုနိုင်ပါတယ်။ App ဖြစ်တဲ့အတွက် Bot နဲ့ လွယ်ကူစွာ စကားပြောနိုင်ပြီး အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

OpenAI launches a standalone ChatGPT app for iOS, Android soon to get one too

App မှာ ကုမ္ပဏီရဲ့ Open-source Speech Recognition Model ဖြစ်တဲ့ Whisper ပါလာပြီး Voice Input အသုံးပြုနိုင်ပါတယ်။ သင့်အကောင့်နဲ့ Log In ဝင်ထားရင် ChatGPT Web Version နဲ့ တခြား Device တွေမှာ သင့် Chat History တွေကို Synchronizes လုပ်ပေးမှာ ဖြစ်ပါတယ်။

OpenAI Launches an iOS App for ChatGPT - 'Mashable SEA' News Summary (Singapore) | BEAMSTART

ChatGPT Plus ကို အခကြေးငွေနဲ့ ဝယ်ယူထားသူတွေက အဆင့်မြှင့်ထားတဲ့ GPT-4 Version ကို အသုံးပြုနိုင်မှာဖြစ်ပြီး အနာဂတ်မှာ ထွက်လာမယ့် လုပ်ဆောင်ချက် အသစ်တွေကို အစောဆုံး အသုံးပြုနိုင်မှာ ဖြစ်သလို Response Times က ပိုမိုမြန်ဆန်ပါတယ်။

လက်ရှိမှာ အမေရိကန်မှာ App Store ကနေ iOS User တွေက App ကို Download ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ တခြား နိုင်ငံတွေအတွက် မကြာခင်မှာ ဖြန့်ချိပေးနိုင်ပြီး Android User တွေအတွက်လည်း မကြာခင် ရရှိနိုင်ပါတယ်။

Ref : gsmarena