ဖေဖော်ဝါရီလလယ်မှာ OpenAI က စာရိုက်ထည့်လိုက်တာနဲ့ ဗီဒီယို ဖန်တီးပေးတဲ့၊ ရုပ်သေ ဓါတ်ပုံကနေ ဗီဒီယို ဖန်တီးပေးတဲ့ Sora Generative AI Model ကို ပြသခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ဖြန့်ချိမယ့်နေ့ကို မပြောခဲ့ပါဘူး။ ကုမ္ပဏီက ဘေးထွက်ဆိုးကျိုးတွေ ရှိသလားဆိုတာကို ကျွမ်းကျင်သူတွေနဲ့ စမ်းသပ်နေတယ်လို့ ပြောခဲ့ပါတယ်။

OpenAI's Sora generative AI video creator will be available later this year - GSMArena.com news

အခုတော့ OpenAI ရဲ့ Chief Technology Officer Mira Murati က Sora ကို ဒီနှစ်နှောင်းပိုင်း ဖြန့်ချိမယ်လို့ အင်တာဗျူး တစ်ခုမှာ ပြောလိုက်ပါတယ်။ သူက နေ့ရက် အတိအကျကိုတော့ မပြောပါဘူး။

OpenAI Sora release: Text-to-video AI tool to launch this year

Sora ကို အသုံးပြုနိုင်ဖို့ နှစ်အများကြီးကြာအောင် မစောင့်ရတော့တာက သတင်းကောင်း ဖြစ်ပါတယ်။ Sora ဟာ သင် ဖန်တီးထားတဲ့ ဗီဒီယိုတွေကို Edit လုပ်နိုင်ပါတယ်။

Murati က Sora ဟာ တခြား AI Model တွေနဲ့ ယှဉ်ရင် အသုံးပြုဖို့ ကုန်ကျစားရိတ်များပြားတယ်လို့ ပြောပါတယ်။ ဒါပေမယ့် OpenAI ဟာ ဓါတ်ပုံ ဖန်တီးတဲ့ AI Tool ဖြစ်တဲ့ DALL-E လောက်ပဲ ကုန်ကျစားရိတ် ရှိစေချင်နေပါတယ်။ လုံခြုံရေးအတွက် Sora နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုတွေမှာ Watermark ထည့်သွင်းထားမှာ ဖြစ်ပြီး Public Figures တွေရဲ့ ဗီဒီယိုတွေကို ဖန်တီးခွင့် ပြုမှာ မဟုတ်ပါဘူး။

Ref : gsmarena