[Zawgyi]

ၿပီးခဲ့တဲ့အပတ္က ရုရွေစ်းကြက္မွာ စတင္ေပၚေပါက္လာတဲ့ Oppo A1K စမတ္ဖုန္းဟာ ေဒၚလာ ၁၅၀ ဝန္းက်င္နဲ႔ Helio P22 အသုံးျပဳ ဘတ္ဂ်က္ဖုန္းတစ္လုံးျဖစ္ပါတယ္။ ဒါေပမယ့္ ယေန႔မွာ အေရွ႕တုိင္းေစ်းကြက္ျဖစ္တဲ့ အိႏၵိယကိုေတာ့ ဒီထက္ေတာင္ ပိုနိမ့္ေသးတဲ့ ေစ်းႏႈန္းနဲ႔ ထပ္ဝင္လာခဲ့ပါတယ္။

A1k စမတ္ဖုန္းဟာ အဓိကကင္မရာ 8MP f/2.2 နဲ႔ 5MP ဆယ္ဖီကင္မရာပါဝင္တယ္။ မ်က္ႏွာျပင္က 6.1” လက္မအရြယ္ HD+ LCD Display ျဖစ္ကာ Waterdrop Notch တစ္ခုနဲ႔ ျမင္ကြင္းအခ်ဳိး 19.5:9 ရွိပါတယ္။ မန္မုိရီကေတာ့ အမ်ားႀကီးမေရြးခ်ယ္ႏုိင္ဘဲ 2GB RAM / 32GB Storage တစ္မ်ဳိးသာရွိတယ္။ Fingerprint မပါေပမယ့္ Face Unlock ပါဝင္တဲ့ ColorOS 6.0 နဲ႔ျဖစ္ပါတယ္။

ဖုန္းအသစ္ဟာ 4,000mAh ဘကၳရီၾကီးပါဝင္ၿပီး Oppo ကေတာ့ “2x Fast Charge” ႏွစ္ဆအျမန္ အားသြင္းစနစ္ပါဝင္တယ္လို႔ ဆုိေပမယ့္ Fast Charge အခ်က္အလက္ကို ေသခ်ာမေျပာျပပါဘူး။ Dual-SIM ျဖစ္ၿပီး MicroSD ကတ္အတြက္လည္း သက္သက္ Slot ပါပါတယ္။ အေရးၾကီးဆုံးျဖစ္တဲ့ေစ်းႏႈန္းကေတာ့ ျမန္မာေငြ တစ္သိန္းရွစ္ေသာင္းေက်ာ္နဲ႔ ညီမွ်တဲ့ အိႏၵိယရူပီးေငြ ၈,၄၉၀ ျဖစ္ပါတယ္။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့အပတ်က ရုရှဈေးကွက်မှာ စတင်ပေါ်ပေါက်လာတဲ့ Oppo A1K စမတ်ဖုန်းဟာ ဒေါ်လာ ၁၅၀ ဝန်းကျင်နဲ့ Helio P22 အသုံးပြု ဘတ်ဂျက်ဖုန်းတစ်လုံးဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့မှာ အရှေ့တိုင်းဈေးကွက်ဖြစ်တဲ့ အိန္ဒိယကိုတော့ ဒီထက်တောင် ပိုနိမ့်သေးတဲ့ ဈေးနှုန်းနဲ့ ထပ်ဝင်လာခဲ့ပါတယ်။

A1k စမတ်ဖုန်းဟာ အဓိကကင်မရာ 8MP f/2.2 နဲ့ 5MP ဆယ်ဖီကင်မရာပါဝင်တယ်။ မျက်နှာပြင်က 6.1” လက်မအရွယ် HD+ LCD Display ဖြစ်ကာ Waterdrop Notch တစ်ခုနဲ့ မြင်ကွင်းအချိုး 19.5:9 ရှိပါတယ်။ မန်မိုရီကတော့ အများကြီးမရွေးချယ်နိုင်ဘဲ 2GB RAM / 32GB Storage တစ်မျိုးသာရှိတယ်။ Fingerprint မပါပေမယ့် Face Unlock ပါဝင်တဲ့ ColorOS 6.0 နဲ့ဖြစ်ပါတယ်။

ဖုန်းအသစ်ဟာ 4,000mAh ဘက္ထရီကြီးပါဝင်ပြီး Oppo ကတော့ “2x Fast Charge” နှစ်ဆအမြန် အားသွင်းစနစ်ပါဝင်တယ်လို့ ဆိုပေမယ့် Fast Charge အချက်အလက်ကို သေချာမပြောပြပါဘူး။ Dual-SIM ဖြစ်ပြီး MicroSD ကတ်အတွက်လည်း သက်သက် Slot ပါပါတယ်။ အရေးကြီးဆုံးဖြစ်တဲ့ဈေးနှုန်းကတော့ မြန်မာငွေ တစ်သိန်းရှစ်သောင်းကျော်နဲ့ ညီမျှတဲ့ အိန္ဒိယရူပီးငွေ ၈,၄၉၀ ဖြစ်ပါတယ်။

Ref – GSM Arena