OPPO ကနေ အခုဆိုရင် မြန်မာနိုင်ငံစျေးကွက်အတွက် A Series ဖုန်းအသစ်ဖြစ်တဲ့ OPPO A76 စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ OPPO ဟာ A Series ဖုန်းတွေကို တစ်နှစ်နဲ့ တစ်နှစ် ပိုပိုပြီးအဆင့်မြှင့်တင်လာသလို အခုနောက်ဆုံးထွက်ရှိထားတဲ့ OPPO A76 စမတ်ဖုန်းမှာလည်း ယခင်တုန်းက OPPO Flagship ဖုန်းတွေမှာပဲ ပါဝင်ခဲ့တဲ့ Fast Charging နည်းပညာတစ်ခုဖြစ်တဲ့ SUPERVOOC ကိုပါ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

OPPO A76 စမတ်ဖုန်းမှာ Battery အနေနဲ့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး ပါဝါစားသုံးမှုနည်းပါးတဲ့ 6nm Architecture ကို အသုံးပြုထားတဲ့ Qualcomm Snapdragon 680 Processor နဲ့ HD Display တွေကို ပေါင်းစပ်ထားတဲ့အတွက်ကြောင့် Battery Life က အချိန်ကြာမြင့်စွာအသုံးပြုနိုင်ဖို့ အာမခံပေးနိုင်မှာဖြစ်ပါတယ်။


OPPO ရဲ့ တရားဝင်ပြောကြားချက်အရ OPPO A76 စမတ်ဖုန်းဟာ အားအပြည့်သွင်းထားမယ်ဆိုရင် ဖုန်းပြောဆိုမှုတွေအတွက် အချိန် ၄၂ နာရီဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပြီး Viber နဲ့ Messenger လိုမျိုး Messaging App တွေကိုအသုံးပြုမယ်ဆိုရင် ၁၇ နာရီအထိ ဆက်တိုက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အခုလိုမျိုး အချိန်အကြာကြီးအသုံးပြုနိုင်တဲ့ 5000mAh ကို အားပြန်သွင်းဖို့ကလည်း အလွန်မြန်ဆန်တဲ့ SUPERVOOC 33W Fast Charging နည်းပညာကို ထည့်သွင်းပေးထားတာဖြစ်ပါတယ်။


OPPO ရဲ့ SUPERVOOC Fast Charging နည်းပညာဟာဆိုရင် ယခင်တုန်းက OPPO ရဲ့ Flagship နဲ့ High End Series ဖုန်းတွေမှာပဲ ပါဝင်တာဖြစ်ပြီး အခုအချိန်မှာတော့ A Series ဖုန်းတစ်လုံးဖြစ်တဲ့ OPPO A76 ဖုန်းမှာပါ ပါဝင်လာတာဖြစ်ပါတယ်။ အခု A76 ဖုန်းမှာပါဝင်တဲ့ 33W SUPERVOOC နည်းပညာကလည်း ၁၀ မိနစ်အားသွင်းတာနဲ့ ၂၃% အထိအားဖြည့်ပေးနိုင်သလို မိနစ် ၃၀ အားသွင်းမယ်ဆိုရင် ၅၅% နဲ့ အားအပြည့်သွင်းဖို့က ၇၁ မိနစ်ပဲ အချိန်လိုအပ်မှာဖြစ်ပါတယ်။


တကယ်လို့သာ အခု OPPO A76 မှာ အသုံးပြုထားတဲ့ 5000mAh Battery ကိုပဲ ပုံမှန် 18W Fast Charging နဲ့ အားသွင်းမယ်ဆိုရင် ၁၀ မိနစ်အားသွင်းမှ ၁၁% ၊ မိနစ် ၃၀ အားသွင်းရင် ၃၃% နဲ့ 100% ပြည့်ဖို့ ၁၄၈ မိနစ်အထိ အချိန်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် OPPO A76 မှာပါဝင်တဲ့ 33W SUPERVOOC Fast Charging ဟာ ပုံမှန် 18W Fast Charging တွေထက် ၂ ဆကျော် ပိုမိုအားသွင်းမြန်ဆန်စေမှာပါ။

ဒီလိုမျိုး အားသွင်းအလွန်မြန်ဆန်လို့ OPPO A76 ဖုန်းရဲ့ Battery Health နဲ့ ပတ်သက်ပြီး စိုးရိမ်စရာလည်း မလိုအပ်ပါဘူး။ တခြားသော Fast Charging နည်းပညာတွေဟာ အားသွင်းမြန်ဆန်အောင် High Voltage Charging ကို အသုံးပြုတဲ့အတွက် အားသွင်းချိန်မြန်ဆန်ပေမယ့် တစ်ဖက်မှာတော့ Battery Health ကို လျှင်မြန်စွာကျဆင်းနိုင်ပါတယ်။ ဒါပေမဲ့ OPPO ရဲ့ SUPERVOOC စနစ်ဟာ အားသွင်းမြန်ဆန်သလို Battery Health ကို မထိခိုက်စေဖို့အတွက် Low Voltage Charging နည်းပညာကို အသုံးပြုပြီး အားသွင်းပေးတာပဲဖြစ်ပါတယ်။ ဒါကြောင့် OPPO A76 ဖုန်းမှာ Fast Charging နဲ့ အားသွင်းလို့ Battery ကို ထိခိုက်စေမှာမဟုတ်ပါဘူး။


နောက်ထပ် OPPO ရဲ့ SUPERVOOC နည်းပညာမှာပါဝင်တဲ့အားသာချက်တစ်ခုကတော့ လူတိုင်းအတွက် အသုံးဝင်စေမှာဖြစ်ပါတယ်။ ဒါကတော့ Fast Charging စနစ်ဟာ ဖုန်းကို အသုံးပြုနေတဲ့အချိန်မှာလည်း အလုပ်လုပ်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းမှာ ဂိမ်းဆော့နေတာပဲဖြစ်ဖြစ်၊ Social Media အသုံးပြုနေတာပဲဖြစ်ဖြစ် 33W SUPERVOOC Fast Charging နဲ့ အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး ဖုန်းကို အသုံးပြုနေတုန်း Fast Charging နဲ့အားသွင်းနေတုန်းမှာလည်း Low Voltage နည်းပညာနဲ့အတူ Adaptor နဲ့ Cable ထိပ်တွေမှာ ဖြတ်တောက်ပေးတဲ့ 5 Layer Protection နည်းပညာအသုံးပြုထားတဲ့အတွက် ဖုန်းကို Overheat မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

OPPO A76 ဖုန်းဟာ အခုလိုမျိုး အလွန်အားရဖို့ကောင်းတဲ့ 33W SUPERVOOC Fast Charging နည်းပညာ၊ Qualcomm Snapdragon 680 Chipset တွေအပြင် 90Hz Refresh Rate ပါဝင်တဲ့ 6.56” Color-Rich Punch-hole HD Display ၊ 6GB RAM + 128GB Storage ကိုမှ နောက်ထပ် RAM 5GB အထိ တိုးမြှင့်နိုင်မယ့် RAM Expansion နည်းပညာတွေကို ထည့်သွင်းပေးထားပါတယ်။


OPPO A76 ကို မြန်မာနိုင်ငံဈေးကွက်မှာ မတ်လ ၃၀ ရက်နေ့က စတင်ပြီး မြန်မာငွေ ၄၇၉,၉၀၀ ကျပ်နဲ့ ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။ ၂၉ရက် မတ်လ ၂၀၂၂ ကနေ ၂၉ရက် မတ်လ ၂၀၂၃ အထိ တစ်နှစ်တာကာလအတွင်း ဝယ်ယူအားပေးတဲ့ Customer တွေအနေနဲ့ MPT Top up တစ်လကို အနည်းဆုံး ၃,၀၀၀ ကျပ် ဖြည့်သွင်းမယ်ဆိုရင် 1GB + 50 Min (On Net) ကို တစ်လတစ်ကြိမ် ခံစားခွင့် ရရှိမှာဖြစ်ပြီး ခြောက်လအထိ (ခြောက်ကြိမ်) အကျိုးခံစားခွင့် ရရှိမှာဖြစ်တဲ့အပြင် ဘေးတစောင်း လွယ်အိတ်တွေကိုလည်း မေတ္တာလက်ဆောင်အနေနဲ့ OPPO ကနေ ပေးအပ်သွားမယ်လို့ သိရပါတယ်။