Oppo ရဲ့ ယခုနှစ်အတွက် Flagship ဖုန်းတွေဖြစ်လာမယ့် Oppo R15 နဲ့ R15 Dream Mirror Edition စမတ်ဖုန်းတွေကို တရားဝင်ကြေငြာလိုက်ပြီပဲဖြစ်ပါတယ်။ ယခု ထွက်ရှိလာတဲ့ Oppo R15 စမတ်ဖုန်းတွေဟာ ယခင် R11s စမတ်ဖုန်းနဲ့ ယှဉ်ရင် ဒီဇိုင်းပိုင်းမှာ သိသိသာသာပြောင်းလဲလာတာကိုလည်း တွေ့ရပါတယ်။

Oppo R15 ရော R15 Dream Mirror Edition ဖုန်းတွေဟာ 6.28″ OLED Screen တွေကို အသုံးပြုထားပြီးတော့ Resolution အနေနဲ့ 1080×2280 Pixel ရှိမှာဖြစ်ပါတယ်။ အခု Oppo R15 စမတ်ဖုန်းတွေဟာ လက်ရှိအချိန်မှာ Screen-to-Body Ratio 90% အထိရှိတဲ့ စမတ်ဖုန်းတွေလည်းဖြစ်ပါတယ်။

Oppo R15 နဲ့ Oppo R15 Dream Mirror Edition ဘာကွာမလဲဆိုရင်တော့ Specifications ပိုင်းအနည်းငယ်ကွာခြားမှာဖြစ်ပြီးတော့ Oppo R15 ဟာ Mediatek Helio P60 Processor နဲ့အတူ 6GB RAM ပါဝင်မှာဖြစ်ပြီး 128GB Storage လည်း ပါဝင်ဦးမှာပါ။ Battery အနေနဲ့တော့ 3450mAh Battery ပါဝင်မှာဖြစ်ပါတယ်။

ကင်မရာပိုင်းအနေနဲ့လည်း အနည်းငယ်ကွာခြားပြီးတော့ R15 ဟာ 16MP Sony IMX 519 Image Sensor နဲ့ Secondary 5MP Camera Sensor ကိုတွဲဖတ်ထားတာပဲဖြစ်ပါတယ်။ Selfie Camera အနေနဲ့ကတော့ 20MP ပါဝင်မှာပါ။

Oppo R15 Dream Mirror Edition ဖုန်းကတော့ Screen ၊ Design ပိုင်းတူညီပေမယ့်လည်း Qualcomm Snapdragon 660 Processor ကို အဆင့်မြှင့်ထားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် RAM 6GB နဲ့ Storage 128GB ပါဝင်တာကတော့ တူညီဦးမှာပါ။ Battery ကတော့ 3400mAh ပဲ ပါဝင်တော့မှာပါ။

ကင်မရာပိုင်းအနေနဲ့ Primary 16MP Sony IMX 519 Sensor ပါဝင်တာတူညီပေမယ့် Secondary Lens ကိုတော့ 20MP Sensor ကို အဆင့်မြှင့်တင်ထားတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Selfie Camera ကတော့ 8MP Camera ပဲပါဝင်တော့မှာပါ။

အခု Oppo R15 Dream Mirror Edition မှာ အားသာချက်ကတော့ Ceramic Edition ပါရရှိနိုင်တာပဲဖြစ်ပါတယ်။

ဈေးနှုန်းတွေအနေနဲ့ကတော့ Oppo R15 စမတ်ဖုန်းကို ၄၇၄ ဒေါ်လာ နဲ့ Dream Mirror Edition ကိုတော့ ၅၂၁ ဒေါ်လာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။