[Zawgyi]

OPPO ဟာ လာမယ့္ ဧၿပီလ ၁၀ ရက္ေရာက္ရင္ Reno လို႔အမည္ေပးထားတဲ့ စမတ္ဖုန္းသစ္ တစ္လုံးကို မိတ္ဆက္ျဖန႔္ခ်ိေတာ့မယ္လို႔ သိရပါတယ္။ ဒီ Reno ဟာ ၿပီးခဲ့တဲ့ MWC 2019 မွာတုန္းက သ႐ုပ္ျပခဲ့တဲ့ 10x Zoom ကင္မရာနဲ႔ ပြဲထြက္လာမယ္လို႔လည္း သိရပါတယ္။

OPPO ရဲ႕ 10x Optical Zoom ကင္မရာသုံး ဖုန္းနဲ႔ပတ္သက္ၿပီး သတင္းေတြထြက္ ႐ုပ္ပုံေတြ ျမင္ေတြ႕ခဲ့ၾကရေပမယ့္လည္း တရားဝင္ ႐ုပ္ပုံတစ္ခုခု ထြက္လာဖို႔ ေစာင့္ဆိုင္းခဲ့ၾကရတာပါ။ အခုလည္း OPPO Reno ရဲ႕ Aurora Green အေရာင္ဆိုၿပီး ပုံရိပ္တစ္ခုကို Weibo ကတစ္ဆင့္ ျမင္ေတြ႕လာရျပန္ပါၿပီ။

ထြက္ေပၚလာတဲ့ Aurora Green နဲ႔ OPPO Reno ဟာ OPPO R17 Pro နဲ႔ ခပ္ဆင္ဆင္ပါပဲ။ ဒါေၾကာင့္ ဒီပုံရိပ္ကလည္း အစစ္အမွန္ တရားဝင္ ပုံရိပ္မဟုတ္ဘဲ တစ္ေယာက္ေယာက္က ဖန္တီးလိုက္တာလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ အနီးစပ္ဆုံးျဖစ္လာႏိုင္ဖြယ္ရွိတဲ့ ပုံရိပ္လို႔ေတာ့ ဆိုရမွာပါပဲ။

OPPO ရဲ႕ ဒုတိယဥကၠ႒ျဖစ္တဲ့ Brian Shen ကေတာ့ Snapdragon 855 Chipset အသုံးျပဳထားၿပီး 10x Zoom ပါဝင္တဲ့ စမတ္ဖုန္းတစ္လုံးကို မိတ္ဆက္ေပးဦးမယ္လို႔ ေျပာထားဖူးပါတယ္။ Chipset နဲ႔တင္ အလန္းစားဖုန္းတစ္လုံးဆိုကို ေမွ်ာ္လင့္ႏိုင္ပါၿပီ။ ဒါေပမယ့္ Model Number CPH1927 နဲ႔ Reno ကို Snapdragon 710 နဲ႔အတူ Certification ရထားတယ္ဆိုတဲ့ သတင္းေၾကာင့္ မတူညီတဲ့ Version လည္း ထြက္လာဦးမလားလို႔ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Reno ကို Aurora Green နဲ့တကယ်ပဲ မြင်တွေ့ရမှာလား

OPPO ဟာ လာမယ့် ဧပြီလ ၁၀ ရက်ရောက်ရင် Reno လို့အမည်ပေးထားတဲ့ စမတ်ဖုန်းသစ် တစ်လုံးကို မိတ်ဆက်ဖြန့်ချိတော့မယ်လို့ သိရပါတယ်။ ဒီ Reno ဟာ ပြီးခဲ့တဲ့ MWC 2019 မှာတုန်းက သရုပ်ပြခဲ့တဲ့ 10x Zoom ကင်မရာနဲ့ ပွဲထွက်လာမယ်လို့လည်း သိရပါတယ်။

OPPO ရဲ့ 10x optical zoom ကင်မရာသုံး ဖုန်းနဲ့ပတ်သက်ပြီး သတင်းတွေထွက် ရုပ်ပုံတွေ မြင်တွေ့ခဲ့ကြရပေမယ့်လည်း တရားဝင် ရုပ်ပုံတစ်ခုခု ထွက်လာဖို့ စောင့်ဆိုင်းခဲ့ကြရတာပါ။ အခုလည်း OPPO Reno ရဲ့ Aurora Green အရောင်ဆိုပြီး ပုံရိပ်တစ်ခုကို Weibo ကတစ်ဆင့် မြင်တွေ့လာရပြန်ပါပြီ။

ထွက်ပေါ်လာတဲ့ Aurora Green နဲ့ OPPO Reno ဟာ OPPO R17 Pro နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါကြောင့် ဒီပုံရိပ်ကလည်း အစစ်အမှန် တရားဝင် ပုံရိပ်မဟုတ်ဘဲ တစ်ယောက်ယောက်က ဖန်တီးလိုက်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အနီးစပ်ဆုံးဖြစ်လာနိုင်ဖွယ်ရှိတဲ့ ပုံရိပ်လို့တော့ ဆိုရမှာပါပဲ။

OPPO ရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ Brian Shen ကတော့ Snapdragon 855 Chipset အသုံးပြုထားပြီး 10x zoom ပါဝင်တဲ့ စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်ပေးဦးမယ်လို့ ပြောထားဖူးပါတယ်။ Chipset နဲ့တင် အလန်းစားဖုန်းတစ်လုံးဆိုကို မျှော်လင့်နိုင်ပါပြီ။ ဒါပေမယ့် Model number CPH1927 နဲ့ Reno ကို Snapdragon 710 နဲ့အတူ Sertification ရထားတယ်ဆိုတဲ့ သတင်းကြောင့် မတူညီတဲ့ Version လည်း ထွက်လာဦးမလားလို့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena