Patreon ဟာ လက်ရှိအချိန်မှာ Creator တွေအတွက် အလွန်ကောင်းမွန်တဲ့ Website Service တစ်ခုဖြစ်ပါတယ်။ ကိုယ်ကျွမ်းကျင်တဲ့ ပညာတွေ မျှဝေနိုင်ပြီး ဝင်ရောက်လာတဲ့ Support ပြုလုပ်သူတွေကနေတစ်ဆင့် အခကြေးငွေရယူနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း YouTuber တွေအများအပြားအသုံးပြုနေတဲ့ Service တစ်ခုဖြစ်နေပါပြီ။

အခုနောက်ဆုံးသိရှိရတဲ့သတင်းအရတော့ Patreon ဟာ အသုံးပြုသူတွေကို Creator တွေကို Crypto Currency အသုံးပြုပြီး ဆုကြေးအနေနဲ့ ပေးနိုင်မယ့် Feature တစ်ခုကို ထည့်သွင်းလာဖို့ များနေပါပြီ။ ကုမ္ပဏီကိုယ်တိုင်ကတော့ အခုလိုမျိုး Crypto Project တွေအတွက် သီးသန့် ဝန်ထမ်းတွေနဲ့ ဆောင်ရွက်နေတယ်ဆိုပြီးတော့ ပြောကြားခဲ့တာမဟုတ်ပေမယ့် Crypto Currency ကို Support ပြုလုပ်နိုင်ဖို့အတွက် စဥ်းစားနေတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဖြစ်နိုင်ခြေများနေတာကတော့ Patreon ဟာ နောက်ပိုင်းမှာ ကိုယ်ပိုင် Creator Coins ဆိုပြီး ထုတ်လုပ်သွားမှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ ဝယ်ယူရဖွယ်ရှိနေပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အသုံးပြုသူတွေကနေ အဆိုပါ Creator Coins တွေကို အသုံးပြုပြီး ဆုကြေးပေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ လက်ရှိအချိန်မှာ အောင်မြင်လာတဲ့ NFT တွေနဲ့ ပတ်သက်ပြီးလည်း Patreon ကနေ Support ပြုလုပ်ပေးနိုင်ဖို့ကို စီစဥ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပါတ်ပိုင်းတုန်းကလည်း Patreon လိုမျိုး Reddit ကလည်း ကိုယ်ပိုင် NFT နဲ့ Cryptocurrency ပိုင်းကို ဝင်ရောက်လာတော့မယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်နောက်ပိုင်းမှာ Service တွေအကုန်လုံးနီးပါး Cryptocurrency ကို အသုံးပြုလာဖွယ်ရှိနေပါတယ်။

Ref – Engadget