Google က Pixel 8 Series ကို အောက်တိုဘာလ ၄ ရက်နေ့ ကြေညာမှာ ဖြစ်ပါတယ်။ Pixel 8 နဲ့အတူ Pixel Watch 2 ၊ Nest Device အသစ်၊ Android 14 နဲ့ တခြား ထုတ်ကုန်တွေကို ကြေညာနိုင်ပါတယ်။ အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ 91mobiles က Pixel 8 Series ကို ၇ နှစ်အထိ OS Update နဲ့ Security Patch ပေးမယ်လို့ ပြောပါတယ်။

Google Pixel 8 Pixel 8 Pro Price Increase

အဲဒီအတွက် Pixel 8 Series ဟာ Android 21 အထိ ရရှိမှာ ဖြစ်ပါတယ်။ Chipset တိုးတက်မှုနဲ့ Android ရဲ့ OS Level တိုးတက်မှုတွေကြောင့် အခုလို ၇ နှစ်အထိ OS Update ပေးနိုင်တာ ဖြစ်ပါတယ်။

အရင် ပေါက်ကြားခဲ့တဲ့ သတင်းတွေအရ Pixel 8 နဲ့ Pixel 8 Pro မှာ Google Tensor G3 နဲ့ Titan M2 Security Chip ပါလာမှာပါ။ Pixel 8 မှာ 6.2” FHD+ OLED ၊ 60-120Hz Refresh Rate နဲ့ 2000 Nits Brightness ပါလာမှာပါ။ Corning Gorilla Glass Victus နဲ့ မျက်နှာပြင်ကို ကာကွယ်ထားမှာပါ။

The Google Pixel 8's latest leak shows off big AI camera updates - The Verge

8GB LPDDR5X RAM နဲ့ 128/256GB UFS 3.1 Storage ပါလာမှာ ဖြစ်ပြီး 27W Charging နဲ့ Qi Wireless Charging  ပါတဲ့ 4,575mAh Battery ပါလာမှာပါ။ အနောက်ဘက်မှာ 50MP (OIS, EIS) နဲ့ 12MP Ultrawide ကင်မရာတွေ တပ်ဆင်ထားမှာပါ။

Pixel 8 Pro မှာ 6.7” LTPO OLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး 120Hz Adaptive Refresh Rate နဲ့ 2000 Nits Brightness ပါလာမှာပါ။ Corning Gorilla Glass Victus 2 နဲ့ မျက်နှာပြင်ကို ကာကွယ်ထားမှာပါ။ အနောက်ဘက်မှာ 50MP , 48MP (5x Optical Zoom) နဲ့ 48MP Ultra Wide ကင်မရာတွေ တပ်ဆင်ထားမှာပါ။ 8GB LPDDR5X RAM နဲ့ 1TB UFS 3.1 Storage အထိ ရွေးချယ်နိုင်မှာပါ။

ဖုန်း ၂ လုံးစလုံးမှာ 10.5MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားနိုင်ပါတယ်။

Ref : gizmochina