POCO ဟာ Flagship Killer Brand အနေနဲ့ POCO F1 or Pocophone F1 နဲ့အတူ ပွဲထွက်လာခဲ့ပါတယ်။ ဒါပေမယ့် Xiaomi ဟာ လူအများစောင့်မျှော်နေကြတဲ့ POCO F2 ကို နောက် ၁ နှစ်မှာ မကြေညာခဲ့ဘဲ ၂၀၂၀ မှာ တန်ဖိုးနည်း ဖုန်းတွေ ဦးစားပေး ထုတ်မယ့် သီးခြား Brand အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၂၀၂၀ မှာပဲ POCO က ကုမ္ပဏီရဲ့ တန်ဖိုးအနည်းဆုံး POCO C3 ကို ကြေညာခဲ့ပြီး အိန္ဒိယမှာ စတင် ရောင်းချတဲ့အချိန်ကတည်းက လက်ရှိအချိန်အထိ အလုံးရေ ၁ သန်းကျော် ရောင်းချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

POCO C3 1 Million Units Sold Featured

POCO C3 ကို အောက်တိုဘာလ အစောပိုင်းမှာ ကြေညာခဲ့ပြီး 3/32GB ကို ၇,၄၉၉ ရူပီး၊ 4/64GB ကို ၈,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၁ သိန်း ၃ သောင်းနဲ့ ၁ သိန်း ၆ သောင်းလောက် အသီးသီး တန်ကြေးရှိပြီး ရောင်းချပြီးနောက် သိပ်မကြာခင် Flipkart Big Billion Days ဈေးရောင်းပွဲမှာ အလုံးရေ ၁ သန်းကျော် ရောင်းအားကြမ်းခဲ့တာပါ။

Poco C3 is now official: The brand's cheapest phone arrives in India

ဒီလအစောပိုင်းမှာ POCO က စွမ်းရည်မြင့် POCO C3 မော်ဒယ်ကို ၅၀၀ ရူပီး လျှော့ကာ ရောင်းပေးခဲ့ပါတယ်။ ရက်အနည်းငယ် အကြာမှာ POCO က ၂၀၂၀ နိုဝင်ဘာလအတွက် အိန္ဒိယ အွန်လိုင်းရဲ့ အကြီးမားဆုံး စမတ်ဖုန်း Brand လို့ ကြေညာခဲ့ပါတယ်။ ဒါတင်မကသေးဘဲ POCO C3 ဟာ အဲဒီအချိန်က နံပါတ် ၃ ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။

POCO C3 ကို အိန္ဒိယမှာပဲ အွန်လိုင်းကနေ ရောင်းပေးထားပြီး ဒီလောက်ရောင်းအား ကောင်းနေတာ စိတ်ဝင်စားစရာကောင်းပါတယ်။ POCO C3 ဟာ ဈေးအရမ်းချိုတဲ့ အပြင် Redmi 9 Series ကို အခြေခံ တည်ဆောက်ထားတဲ့အတွက် ဒီလောက် ရောင်းအားကောင်းတာလို့ ထင်ရပါတယ်။

Ref : gizmochina