POCO က C40 ကို ဇွန်လ ၁၆ ရက်နေ့မှာ နိုင်ငံတကာအတွက် ကြေညာတော့မှာပါ။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင် အဲဒီ ဖုန်းရဲ့ ဓါတ်ပုံတွေနဲ့ Specs တွေ ပေါက်ကြားလာပါတယ်။

POCO C40 leaked render

ဓါတ်ပုံအရ POCO C40 ရဲ့ အရှေ့ဘက်မှာ အရွယ်သေး Notch တပ်ဆင်ထားပြီး ညာဘက်ခြမ်းမှာ အသံနဲ့ ပါဝါ ခလုတ်တွေ ပါပါတယ်။ အနောက်ဘက် ကာဗာဟာ Matte Finish ဖြစ်ပြီး ထိပ်ဖက်က လေးထောင့်ပုံ ကင်မရာ အကွက်ဟာ တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အဲဒီမှာ ကင်မရာ ၂ လုံးနဲ့ POCO Branding တွေ ထည့်သွင်းထားပါတယ်။

ပေါက်ကြားသတင်းအရ C40 မှာ ၆.၇ လက်မ IPS LCD HD+ မျက်နှာပြင်နဲ့ 60Hz Refresh Rate ပါလာမှာပါ။ JLQ JR510 စွမ်းရည်နိမ့် Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားပြီး အနောက်ဘက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားမှာပါ။

ဆဲလ်ဖီး ကင်မရာက 5MP ဖြစ်ပြီး အနောက်ဘက်မှာ 50MP Main နဲ့ 2MP ကင်မရာ ၂ လုံး တပ်ဆင်ထားမှာပါ။ နားကြပ်ပေါက် ပါလာပြီး 4G ဆက်သွယ်မှု ထောက်ပံ့ထားမှာပါ။ ဘူးထဲမှာ 10W Charger ထည့်သွင်းထားပြီး အနက်၊ အစိမ်းနဲ့ အဝါရောင်တွေ ထုတ်လုပ်ထားမှာပါ။

POCO C40 ကို ၁၇၇ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ ၃၃၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ ကုမ္ပဏီဟာ POCO C40 နဲ့အတူ C40+ ကိုပါ ကြေညာနိုင်ပြီး လက်ရှိမှာ C40+ ရဲ့ Specs တွေကို မသိရသေးပါဘူး။

Ref : gizmochina