POCO F4 5G ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပြီး အဲဒီ ဖုန်းဟာ Redmi K-Series နဲ့ ပတ်သက်နေပါတယ်။ ကင်မရာ အဆင့် ၂ ဆင့်ပါလာပြီး Lens ၃ လုံးကို တြိဂံပုံသဏ္ဍာန် တပ်ဆင်ထားတာက Redmi K50 , K50 Pro , K40S တို့နဲ့ တော်တော် တူပါတယ်။

ပေါက်ကြားသတင်းအရ POCO F4 5G ဟာ Redmi K40S ကို အခြေခံကာ တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဓါတ်ပုံမှာ “64MP OIS” လို့ ရေးသားထားပြီး K40S မှာတော့ OIS ပါတဲ့ 48MP ကင်မရာကို သုံးထားတာပါ။

ကင်မရာ ပြောင်းလဲတာကလွဲပြီး POCO F4 5G မှာ ၆.၆၇ လက်မ AMOLED FHD+ 120Hz မျက်နှာပြင်၊ 6/128GB Memory Configuration ၊ 67W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီတွေ ထည့်သွင်းထားနိုင်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ စတီရီယို စပီကာတွေ ပါလာနိုင်ပြီး အနောက်ဘက်မှာ 8MP Ultrawide, 2MP Macro နဲ့ အရှေ့ဘက်မှာ 20MP ကင်မရာတွေ ထည့်သွင်းထားနိုင်ပါတယ်။ Snapdragon 870 Chipset မောင်းနှင်ထားနိုင်ပါတယ်။

မကြာခင်က နိုင်ငံတကာမှာ ရောင်းချခဲ့တဲ့ GT မော်ဒယ်ရဲ့ တန်ဖိုးအနည်းဆုံး 8/128GB ကို ယူရို ၅၀၀ သတ်မှတ်ထားပါတယ်။ K40S ရဲ့ တန်ဖိုးအနည်းဆုံး 6/128GB ကို တရုတ်မှာ ၁,၈၀၀ ယွမ်နဲ့ ရောင်းပေးထားပါတယ်။ အဲဒီအတွက် POCO F4 5G ရဲ့ ဈေးဟာ အဲဒီ ဖုန်း ၂ လုံးအကြားမှာ ရှိနိုင်ပါတယ်။

Ref : gsmarena