Xiaomi ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Poco ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်လာနေပြီဖြစ်ပါတယ်။ အခုလည်း Poco ကနေ Poco F4 5G ဖုန်း တရားဝင်မိတ်ဆက်မယ့်အချိန်ကို ထုတ်ပြန်ကြေညာလိုက်ပါပြီ။

Poco ရဲ့ ကြေညာချက်အရ F4 5G စမတ်ဖုန်းဟာ လာမယ့် ဇွန်လ ၂၃ ရက်နေ့မှာ မိတ်ဆက်သွားမှာဖြစ်ပြီး လောလောဆယ်မှာတော့ India စျေးကွက်အတွက် အရင်မိတ်ဆက်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တခြားသော စျေးကွက်တွေကိုပါ ဝင်ရောက်လာဖို့ရှိနေပါတယ်။

Poco F4 5G စမတ်ဖုန်းဟာ Qualcomm Snapdragon 870 Chipset ကို အသုံးပြုထားမှာဖြစ်ပြီး RAM အနေနဲ့ အမြင့်ဆုံး 12GB အထိ ပါဝင်မှာဖြစ်ပါတယ်။ Performance ပိုင်းမှာ Poco ကနေ 7-layer ပါဝင်တဲ့ 3,112mm2 Vapor Chamber Liquidcool 2.0 နည်းပညာကို ထည့်သွင်းပေးထားမယ်လို့ သိရပါတယ်။

Design ပိုင်းအနေနဲ့ကတော့ Poco F4 5G ဟာ Redmi K40S ဖုန်းနဲ့ ဆင်တူပြီးတော့ 6.67″ Full HD+ 120Hz AMOLED Display ၊ 4500mAh Battery နဲ့ 67W Fast Charging တွေပါဝင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့လည်း 64MP Triple Camera Setup ကို အသုံးပြုလာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena