Poco က F Series ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ Poco F4 GT လို့ နာမည်ပေးထားပြီး Snapdragon 8 Gen 1 မောင်းနှင်ထားပါတယ်။ Chipset အပူကို လျှော့ချပေးဖို့ Vapor Chamber ၂ ခု နဲ့ တည်ဆောက်ထားတဲ့ LiquidCool 3.0 နည်းပညာ ထည့်ထားပါတယ်။ GPU က Adreno 730 ဖြစ်ပြီး အရင်မျိုးဆက်ထက် ၅၀ ရာခိုင်နှုန်း ပိုမြန်ပါတယ်။

Poco F4 GT's Snapdragon 8 Gen 1 chipset is cooled by two LiquidCool 3.0 vapor chambers

၆.၆၇ လက်မ AMOLED မျက်နှာပြင် ပါလာပြီး 120Hz Refresh Rate နဲ့ 480Hz Touch Sampling Rate  ထောက်ပံ့ထားပါတယ်။ ဂိမ်း ကစားဖို့အတွက် Shoulder Buttons တွေ ထည့်သွင်းပေးထားပြီး နာမည်ကြီး ဂိမ်းပေါင်း ၁၀၀ ကျော်နဲ့ စမ်းသပ်ထားပါတယ်။ Shoulder Buttons တွေကို Shortcut အတွက်လည်း သုံးနိုင်ပြီး ဥပမာအနေနဲ့ ကင်မရာကို လျှင်မြန်စွာ ဖွင့်နိုင်ပါတယ်။

Poco F4 GT unveiled with SD8 Gen1, 120Hz display and 120W charging

Poco ဖုန်းထဲမှာ အားသွင်းနှုန်း အမြန်ဆုံး ဖြစ်ပြီး 120W HyperCharge စနစ် ပါပါတယ်။ 4,700mAh ဘက်ထရီကို ၁၇ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ ဂိမ်း ကစားနေချိန်မှာ အားသွင်းနိုင်တဲ့ Mode ၁ ခုလည်း ထည့်ထားပြီး ၂၇ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

Poco F4 GT unveiled with SD8 Gen1, 120Hz display and 120W charging

အနောက်ဘက်မှာ 64MP , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 20MP Punch Hole ကင်မရာ ၁ လုံး ထည့်ထားပါတယ်။ Notification, ဘက်ထရီ အားသွင်းနှုန်း Indicator တို့အတွက် RGB Backlighting ပါပါတယ်။ ဒီလ ၂၈ ရက်နေ့ ရောင်းမှာ ဖြစ်ပြီး Stealth Black, Knight Silver နဲ့ Cyber Yellow အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

8/128GB ကို ၆၀၀ ယူရိုနဲ့ 12/256GB ကို ၇၀၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၁၁ သိန်း ၈ သောင်းနဲ့ ၁၃ သိန်း ၈ သောင်း ဝန်းကျင် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena