Poco က ပြီးခဲ့တဲ့ရက်အနည်းငယ်က Poco X5 ကို အိန္ဒိယမှာ ရောင်းချခဲ့ပြီး အခုတော့ ဧပြီလ ၆ ရက်နေ့မှာ Poco F5 5G ကို အိန္ဒိယမှာ ကြေညာတော့မယ်လို့ သတင်းထွက်လာပါတယ်။

POCO F5 5G India Launch Tipped to Take Place on April 6; Check Leaked  Specifications - MySmartPrice

Poco က အဲဒီ စမတ်ဖုန်းနဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးပေမယ့် ပေါက်ကြားသတင်းတွေအရ Poco F5 5G ဟာ မကြေညာရသေးတဲ့ Redmi Note 12 Turbo ကို အမည်ပြောင်းထားတဲ့ မော်ဒယ် ဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Redmi Note 12 Turbo မှာ အသစ်စက်စက် ကြေညာထားတဲ့ Qualcomm Snapdragon 7+ Gen 2 Chipset မောင်းနှင်ထားမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။

Poco F5 5G phone specs leak online: 2K display, Snapdragon 8+ Gen 1 SoC,  and more - India Today

Redmi Note 12 Turbo မှာ 6.67 Inch FullHD+AMOLED  မျက်နှာပြင်ပါလာနိုင်ပြီး 120Hz Refresh Rate ထောက်ပံ့ထားနိုင်ပါတယ်။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာမြှပ်နှံထားနိုင်ပြီး တခြား Redmi Note 12 Series တွေမှာတော့ ဘေးဘက်လက်ဗွေရာ ကိရိယာပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Redmi  Note 12 Turbo ရဲ့ တခြား ပေါက်ကြားသတင်းတွေအရ 5,500mAh Battery နဲ့ 67W Fast Charging ပါလာနိုင်ပါတယ်။ အနောက်ဘက်မှာ 50MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားနိုင်ပါတယ်။

Ref : gsmarena