[Zawgyi]

အခုတစ္ေလာ ေနရာတိုင္းလိုလို Dark Mode ဆုိတာကို ေတြ႔ေနရပါတယ္။ Messenger ၾကီးလည္း Dark Mode၊ Twitter မွာလည္း Dark Mode ေနတာ ခုလည္း Poco Launcher က Dark Mode လုိက္ျပန္ပါျပီ။ Poco Launcher ဆိုတာက Pocophone F1 ရဲ႕ Launcher ဒီဇိုင္းကို သံုးခ်င္သူေတြအတြက္ Xiaomi ကတရားဝင္ ထုတ္ေပးထားတဲ့ Launcher တစ္ခုပါ။ဒီ Poco Launcher ဟာ သူ႔ရဲ႕ ရိုးရွင္းျပီး ေသသပ္လွပတဲ့ ပံုစံ နဲ႔ ေၾကျငာေတြမပါဝင္တာေၾကာင့္ သံုးစြဲသူေတြၾကားမွာ နာမည္ရေနတာလည္း ျဖစ္ပါတယ္။အခု ေနာက္ဆံုး Update လုပ္ေပးလိုက္တဲ့ ဗားရွင္းမွာေတာ့ အခုေခတ္ထေနတဲ့ Dark Mode ပါဝင္လာျပီပဲ ျဖစ္ပါတယ္။ သူ႔ကိုသံုးခ်င္တယ္ဆိုရင္ေတာ့ Launcher Setting ထဲက Background ကိုသြားေရာက္ျပီး ဖြင့္ေပးရမွာျဖစ္ပါတယ္။ ဒါ့အျပင္ App Drawer ရဲ႕ ေနာက္ခံပံုရိပ္ကိုလည္း လံုးဝအနက္ေရာင္ပဲထားမလား ဒါမွမဟုတ္ Wallpaper ပါထြင္းေဖာက္ျမင္ႏိုင္ေအာင္ Transparency ထားမလားဆိုတာလည္း စိတ္ၾကိဳက္ေရြးခ်ယ္ႏိုင္ဦးမွာပါ။

Pocophone F1 မွာ OLED Screen မပါတဲ့အတြက္ေၾကာင့္ Dark Mode ေျပာင္းသံုးျခင္းျဖင့္ အားစားျခင္းကို သက္သာေစမွာ မဟုတ္ပါဘူး။ဒါေပမယ့္  ညပိုင္းအသံုးျပဳမွဳေတြအတြက္ ၾကည့္လို႔ေကာင္းျပီး မ်က္စိထိခိုက္တာကို ေလွ်ာ့ခ်ေပးႏိုင္မွာပါ။ဒါေၾကာင့္ ဒီ Poco Launcher ကို ဘယ္ Android ဖုန္းမဆို အသံုးျပဳႏိုင္မွာျဖစ္ျပီး Play Store၊ Apk Pure စတဲ့ေနရာေတြကေန Download ရယူႏိုင္မွာပါတယ္။ တစ္ကယ္လို႔ ဒီ Poco Launcher ကို MIUI 10 တင္ထားတဲ့ ဖုန္းေတြအသံုးျပဳမယ္ဆိုရင္ ေနာက္ပိုင္းမွာ System-Wide Dark Mode ကိုလည္း အသံုးျပဳႏိုင္မွာ ျဖစ္ပါတယ္။ဒီ Update မွာ App Vault ထဲကို ၾကိဳက္တဲ့ App ေတြထည့္လို႔ရတာ၊ ဖုန္းမ်က္ႏွာျပင္ (၂)ခ်က္ေတာက္လိုက္ရံုနဲ႔ ဖုန္းကို Lock လုပ္လို႔ရတာ စတဲ့ Function အသစ္ေတြလည္း ပါဝင္လာတာျဖစ္ပါတယ္။ဒါ့အျပင္ App Icon ေတြလည္း ပိုျပီးၾကည့္ေကာင္းလုပ္ေပးထားမို႔ စမ္းသပ္သံုးစြဲခ်င္သူေတြအတြက္ ေအာက္မွာ Dowload Link ေလး ထည့္ေပးထားပါတယ္။

Play Store Download

Apkpure Download

Ref : Gsmarena

[Unicode]

အခုတစ်လော နေရာတိုင်းလိုလို Dark Mode ဆိုတာကို တွေ့နေရပါတယ်။ Messenger ကြီးလည်း Dark Mode၊ Twitter မှာလည်း Dark Mode နေတာ ခုလည်း Poco Launcher က Dark Mode လိုက်ပြန်ပါပြီ။ Poco Launcher ဆိုတာက Pocophone F1 ရဲ့ Launcher ဒီဇိုင်းကို သုံးချင်သူတွေအတွက် Xiaomi ကတရားဝင် ထုတ်ပေးထားတဲ့ Launcher တစ်ခုပါ။ဒီ Poco Launcher ဟာ သူ့ရဲ့ ရိုးရှင်းပြီး သေသပ်လှပတဲ့ ပုံစံ နဲ့ ကြေငြာတွေမပါဝင်တာကြောင့် သုံးစွဲသူတွေကြားမှာ နာမည်ရနေတာလည်း ဖြစ်ပါတယ်။အခု နောက်ဆုံး Update လုပ်ပေးလိုက်တဲ့ ဗားရှင်းမှာတော့ အခုခေတ်ထနေတဲ့ Dark Mode ပါဝင်လာပြီပဲ ဖြစ်ပါတယ်။ သူ့ကိုသုံးချင်တယ်ဆိုရင်တော့ Launcher Setting ထဲက Background ကိုသွားရောက်ပြီး ဖွင့်ပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် App Drawer ရဲ့ နောက်ခံပုံရိပ်ကိုလည်း လုံးဝအနက်ရောင်ပဲထားမလား ဒါမှမဟုတ် Wallpaper ပါထွင်းဖောက်မြင်နိုင်အောင် Transparency ထားမလားဆိုတာလည်း စိတ်ကြိုက်ရွေးချယ်နိုင်ဦးမှာပါ။

Pocophone F1 မှာ OLED Screen မပါတဲ့အတွက်ကြောင့် Dark Mode ပြောင်းသုံးခြင်းဖြင့် အားစားခြင်းကို သက်သာစေမှာ မဟုတ်ပါဘူး။ဒါပေမယ့်  ညပိုင်းအသုံးပြုမှုတွေအတွက် ကြည့်လို့ကောင်းပြီး မျက်စိထိခိုက်တာကို လျှော့ချပေးနိုင်မှာပါ။ဒါကြောင့် ဒီ Poco Launcher ကို ဘယ် Android ဖုန်းမဆို အသုံးပြုနိုင်မှာဖြစ်ပြီး Play Store၊ Apk Pure စတဲ့နေရာတွေကနေ Download ရယူနိုင်မှာပါတယ်။ တစ်ကယ်လို့ ဒီ Poco Launcher ကို MIUI 10 တင်ထားတဲ့ ဖုန်းတွေအသုံးပြုမယ်ဆိုရင် နောက်ပိုင်းမှာ System-Wide Dark Mode ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ဒီ Update မှာ App Vault ထဲကို ကြိုက်တဲ့ App တွေထည့်လို့ရတာ၊ ဖုန်းမျက်နှာပြင် (၂)ချက်တောက်လိုက်ရုံနဲ့ ဖုန်းကို Lock လုပ်လို့ရတာ စတဲ့ Function အသစ်တွေလည်း ပါဝင်လာတာဖြစ်ပါတယ်။ဒါ့အပြင် App Icon တွေလည်း ပိုပြီးကြည့်ကောင်းလုပ်ပေးထားမို့ စမ်းသပ်သုံးစွဲချင်သူတွေအတွက် အောက်မှာ Dowload Link လေး ထည့်ပေးထားပါတယ်။

Play Store Download

Apkpure Download

Ref : Gsmarena