Poco India က M2 Pro ကို ဇူလိုင်လ ၇ ရက်နေ့မှာ အွန်လိုင်းကနေ ကြေညာမယ်လို့ အတည်ပြုပြီးနောက်မှာ အဲဒီ စမတ်ဖုန်းကို Geekbench မှာ တွေ့လာရပါပြီ။ Geekbench မှာ အဲဒီ စမတ်ဖုန်းအတွက် Android 10 ထည့်သွင်းထားတယ်လို့ ဖော်ပြထားပြီး မော်ဒယ်နာမည်ကို Xiaomi POCO M2 Pro လို့ ရေးသားထားပါတယ်။ ဒါဟာ Qualcomm Processor ဆိုတာ သေချာပြီး Snapdragon 720 Chipset မောင်းနှင်ထားမယ်လို့ ထင်ရပါတယ်။

Poco ရဲ့ စမတ်ဖုန်း အသစ်ဟာ Redmi Note 9 Pro ကို နာမည်ပြောင်းရောင်းချတာလို့ ထင်ရတဲ့အတွက် M2 Pro မှာ ၆.၆၇ လက်မ FullHD+ LCD မျက်နှာပြင်နဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ 5,020mAh ဘက်ထရီ ပါလာမှာဖြစ်ပြီး Geekbench က စာရင်းအရ 6GB RAM ထည့်သွင်းထားမှာပါ။

Poco က #FeelTheSurge လို့ ရေးသားထားတဲ့အတွက် M2 Pro ရဲ့ Fast Charging က တော်တော်လန်းမှာပါ။ Redmi Note 9 Pro မှာ 30W Charging ပါလာတဲ့အတွက် M2 Pro မှာလည်း အဲဒီ စံနှုန်း ထည့်သွင်းထားနိုင်ပါတယ်။ Redmi Note 9 Pro ရဲ့  အရှေ့ဘက်မှာ 16MP နဲ့ အနောက်ဘက်မှာ 64MP , 8MP Ultrawide, 5MP Macro နဲ့ 2MP Depth ကင်မရာတွေ ထည့်ထားပါတယ်။

အိန္ဒိယမှာ M2 Pro ကို Flipkart ကနေပဲ ရောင်းမှာ ဖြစ်ပြီး ဇူလိုင်လ ၇ ရက်မှာ ကြေညာတော့မှာ ဖြစ်တဲ့အတွက် ရင်ခုန်စောင့်စားဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။

Ref : gsmarena