Xiaomi ရဲ့ ကုမ္ပဏီအခွဲတစ်ခုဖြစ်တဲ့ Poco ဟာ အခုအချိန်မှာ Poco M4 5G အမည်ရှိတဲ့စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အခုမိတ်ဆက်လိုက်တာကတော့ India နိုင်ငံအတွင်းမှာဖြစ်ပြီး ယခင်တုန်းက တရုတ်နိုင်ငံတွင်းမှာ မိတ်ဆက်ခဲ့ဖူးတဲ့ Redmi Note 11E 5G ဖုန်းနဲ့ Specification ပိုင်းဆင်တူတာကိုတွေ့ရပါတယ်။

ဒါကြောင့် Poco M4 5G စမတ်ဖုန်းဟာ Display ပိုင်းမှာ 6.58″ Full HD+ LCD Display ကို အသုံးပြုထားပြီး 90Hz Refresh Rate Support ပြုလုပ်မှာဖြစ်ပါတယ်။ Touch Sampling Rate အနေနဲ့လည်း 240Hz အထိ ထောက်ပံ့ပေးနိုင်မှာဖြစ်သလို Selfie Camera အတွက် Dewdrop Notch Design ပြုလုပ်ပေးထားပါတယ်။

Performance ပိုင်းမှာတော့ MediaTek ရဲ့ Dimensity 700 Chipset ကို အသုံးပြုထားပြီး LPDDR4x RAM နဲ့ UFS 2.2 Storage တွေကို အသုံးပြုထားပါတယ်။ Software ပိုင်းမှာတော့ Android 12 ကို အခြေခံထားတဲ MIUI 13 ကိုထည့်သွင်းထားတာကိုတွေ့ရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ 50MP Primary Sensor နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Dual Camera Setup ကို အသုံးပြုထားပြီး Selfie Camera အတွက်ကတော့ 8MP Sensor ပါဝင်မှာဖြစ်ပါတယ်။ 5G Network အပြင် Dual-band Wi-Fi ၊ Bluetooth 5.1 ၊ 5000mAh Battery နဲ့ 18W Fast Charging Support ပြုလုပ်တဲ့ USB-C Port တွေပါဝင်မှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ Poco M4 5G စမတ်ဖုန်းဟာ RAM 4GB + 64GB ကို ₹12,999 (မြန်မာငွေ ၃ သိန်း ၂ သောင်းဝန်းကျင်) ၊ RAM 6GB + 128GB Version ကိုတော့ ₹14,999 (မြန်မာငွေ ၃ သိန်း ၇ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China