[Unicode]

လွန်ခဲ့တဲ့ နှစ်ရက်ကပဲ 120Hz မျက်နှာပြင်နဲ့ 64MP ကင်မရာပါဝင်တဲ့ POCO X2 ကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ကြေညာမယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ဒီနေ့မနက်မှာတော့ POCO X2 ရဲ့ တရားဝင် Render ပုံတွေနဲ့ ဈေးနှုန်းတွေ ပေါက်ကြားခဲ့ပါသေးတယ်။ ဒါပေမယ့် POCO X2 အတွက်ပေါက်ကြားမှုတွေက ဒီမှာတင် မပြီးသွားပါဘူး။

ညနေပိုင်းရောက်တော့ POCO X2 ရဲ့ ပကတိ ပြင်ပဓါတ်ပုံတွေ ထပ်ပြီးပေါက်ကြားလာတာပဲ ဖြစ်ပါတယ်။ POCO X2 ရဲ့ ပကတိ ပြင်ပဓါတ်ပုံတွေတွေဟာ မနက်ပိုင်းကမြင်တွေ့ခဲ့ရတဲ့ တရားဝင် Render ရုပ်ပုံနဲ့ အဓိက ဒီဇိုင်းပိုင်းတွေမှာ တူညီနေတာလည်း ဖြစ်ပါတယ်။

လက်ရှိပေါက်ကြားလာတဲ့ POCO X2 ရဲ့ ပကတိပြင်ပဓါတ်ပုံမှာတော့ Hardware Specs အချို့ကိုလည်း မြင်တွေ့ရပါတယ်။ ပကတိဓါတ်ပုံအရ အရှေ့ဘက်မျက်နှာပြင် ညာဘက်ထောင့်မှာရှိတဲ့ Punch-hole ထဲက ကင်မရာနှစ်လုံးအပေါ်မှာ ကြီးမားတဲ့ Earpiece ကိုလည်း မြင်တွေ့ရပါသေးတယ်။

မြင်တွေ့ရတဲ့ Earpiece အရွယ်အစားက စပီကာနှစ်ခုလို့ ထင်ချင်စရာဖြစ်ပါတယ်။ ဒါကြောင့် POCO X2 မှာ စတီရီယို စပီကာ ပါဝင်လာမယ်လို့ ခန့်မှန်းရပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ POCO F1 မှာ ပျောက်ဆုံးနေခဲ့တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။

POCO X2 ရဲ့ ပကတိပြင်ပပုံကတော့ အချက်အလက်တွေ အများကြီးမပြသနိုင်ပါဘူး။ ဒါပေမယ့် သေချာတဲ့အချက်အလက်အချို့ကိုတော့ ပေးနိုင်ပါတယ်။ အဲဒါကတော့ POCO X2 ဟာ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Redmi K30 အလားတူဖြစ်နိုင်တယ်ဆိုတာပါပဲ။ ဒါကြောင့် Chipset နဲ့ 120Hz မျက်နှာပြင်ကိုလည်း အတူတူပဲဖြစ်မယ်လို့ မျှော်လင့်ထားနိုင်ပါတယ်။

Ref: GSMArena

[Zawgyi]

POCO X2 ရဲ႕ ပကတိျပင္ပဓါတ္ပုံလည္း ေပါက္ၾကားထြက္ေပၚလာ

လြန္ခဲ့တဲ့ ႏွစ္ရက္ကပဲ 120Hz မ်က္ႏွာျပင္နဲ႔ 64MP ကင္မရာပါဝင္တဲ့ POCO X2 ကို ေဖေဖာ္ဝါရီလ ၄ ရက္ေန႔မွာ ေၾကညာမယ္ဆိုတဲ့ သတင္းထြက္ေပၚခဲ့ပါတယ္။ ဒီေန႔မနက္မွာေတာ့ POCO X2 ရဲ႕ တရားဝင္ Render ပုံေတြနဲ႔ ေဈးႏႈန္းေတြ ေပါက္ၾကားခဲ့ပါေသးတယ္။ ဒါေပမယ့္ POCO X2 အတြက္ေပါက္ၾကားမႈေတြက ဒီမွာတင္ မၿပီးသြားပါဘူး။

ညေနပိုင္းေရာက္ေတာ့ POCO X2 ရဲ႕ ပကတိ ျပင္ပဓါတ္ပုံေတြ ထပ္ၿပီးေပါက္ၾကားလာတာပဲ ျဖစ္ပါတယ္။ POCO X2 ရဲ႕ ပကတိ ျပင္ပဓါတ္ပုံေတြေတြဟာ မနက္ပိုင္းကျမင္ေတြ႕ခဲ့ရတဲ့ တရားဝင္ Render ႐ုပ္ပုံနဲ႔ အဓိက ဒီဇိုင္းပိုင္းေတြမွာ တူညီေနတာလည္း ျဖစ္ပါတယ္။

လက္ရွိေပါက္ၾကားလာတဲ့ POCO X2 ရဲ႕ ပကတိျပင္ပဓါတ္ပုံမွာေတာ့ Hardware Specs အခ်ိဳ႕ကိုလည္း ျမင္ေတြ႕ရပါတယ္။ ပကတိဓါတ္ပုံအရ အေရွ႕ဘက္မ်က္ႏွာျပင္ ညာဘက္ေထာင့္မွာရွိတဲ့ Punch-hole ထဲက ကင္မရာႏွစ္လုံးအေပၚမွာ ႀကီးမားတဲ့ Earpiece ကိုလည္း ျမင္ေတြ႕ရပါေသးတယ္။

ျမင္ေတြ႕ရတဲ့ Earpiece အ႐ြယ္အစားက စပီကာႏွစ္ခုလို႔ ထင္ခ်င္စရာျဖစ္ပါတယ္။ ဒါေၾကာင့္ POCO X2 မွာ စတီရီယို စပီကာ ပါဝင္လာမယ္လို႔ ခန႔္မွန္းရပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ POCO F1 မွာ ေပ်ာက္ဆုံးေနခဲ့တဲ့ အရာတစ္ခုလည္း ျဖစ္ပါတယ္။

POCO X2 ရဲ႕ ပကတိျပင္ပပုံကေတာ့ အခ်က္အလက္ေတြ အမ်ားႀကီးမျပသႏိုင္ပါဘူး။ ဒါေပမယ့္ ေသခ်ာတဲ့အခ်က္အလက္အခ်ိဳ႕ကိုေတာ့ ေပးႏိုင္ပါတယ္။ အဲဒါကေတာ့ POCO X2 ဟာ မၾကာေသးခင္က ထြက္ရွိခဲ့တဲ့ Redmi K30 အလားတူျဖစ္ႏိုင္တယ္ဆိုတာပါပဲ။ ဒါေၾကာင့္ Chipset နဲ႔ 120Hz မ်က္ႏွာျပင္ကိုလည္း အတူတူပဲျဖစ္မယ္လို႔ ေမွ်ာ္လင့္ထားႏိုင္ပါတယ္။

Ref: GSMArena