ပြီးခဲ့တဲ့ ၁ ပတ်က Poco X2 ကို ကြေညာခဲ့ပြီး အခုတော့ အိန္ဒိယမှာ Flipkart.com ကနေ ရောင်းပေးလိုက်ပါပြီ။ Poco X2 ဟာ Redmi K30 ကို နာမည်ပြောင်းရောင်းချတာဖြစ်ပြီး Memory Configuration ၃ ခု ထုတ်လုပ်ပေးထားပါတယ်။ 6/64GB ကို ၁၅,၉၉၉ ရူပီး ၊ 6/128GB ကို ၁၆,၉၉၉ ရူပီးနဲ့ 8/256GB ကို ၁၉,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၃ သိန်း ၂ သောင်း၊ ၃ သိန်း ၅ သောင်းနဲ့ ၄ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ Atlantis Blue, Matrix Purple နဲ့ Phoenix Red အရောင် ၃ မျိုးထုတ်လုပ်ထားပါတယ်။

Poco X2 မှာ Snapdragon 730G SoC နဲ့ Android 10 အခြေပြု MIUI 11 ထည့်သွင်းထားပါတယ်။ ၆.၆၇ လက်မ  Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz ထောက်ပံ့တဲ့အတွက် မျက်နှာပြင်ရဲ့ တုန့်ပြန်မှုက အရမ်း လန်းမှာပါ။ 27W Charging ပါတဲ့ 4,500mAh ဘက်ထရီက လန်းပါတယ်။

မျက်နှာပြင် ညာဘက်ထိပ်နားမှာ ဆေးတောင့်ပုံ Punch Hole တပ်ဆင်ထားပြီး 20MP နဲ့ 2MP ဆဲလ်ဖီး ကင်မရာ ၂ လုံး ထည့်ထားပါတယ်။  အနောက်ဘက်မှာ 64MP Sony IMX686 Main  , 8MP Ultrawide , 2MP  Macro နဲ့ 2MP Depth ကင်မရာတွေ ပါပါတယ်။

Poco X2 ရဲ့ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ USB-C Port ကနေ အားသွင်းရင် ၊ ဒေတာ ကူးရင် မြန်ပါတယ်။ 3.5mm Headphone Jack ပါလာပြီး Liquid Cool နည်းပညာက အပူကို ၃၀၀ ရာခိုင်နှုန်း ပိုမြန်အောင် စုပ်ယူပေးတယ်လို့ Poco က ပြောပါတယ်။  IR Blaster , VoWiFi , Hi-Res Sound နဲ့ ရေစက်ရေပေါက်တွေကို ကာကွယ်ပေးတဲ့ P2i ပါပါတယ်။

Ref : gsmarena