POCO က X4 GT ကို ကြေညာလိုက်ပြီး တရုတ်မှာ ရောင်းချထားတဲ့ Redmi Note 11T Pro ကို နာမည်ပြောင်းထားတာပါ။ ဒီဇိုင်းအပိုင်းကို စပြောရရင် အနောက်ဘက်ဟာ ပြားချပ်ပြီး ထောင့်စွန်းတွေက ကွေးညွှတ်ပါတယ်။ ကင်မရာ ၃ လုံးနဲ့ Flash ၂ လုံးကို လေးထောင့်ပုံ အကွက်ထဲမှာ ထည့်သွင်းထားပြီး ဘေးဘက်မှာ အသံနဲ့ ပါဝါ ခလုတ်တွေ တပ်ဆင်ထားပါတယ်။

POCO X4 GT မှာ ၆.၆ လက်မ IPS LCD Full HD+ မျက်နှာပြင် ထည့်သွင်းထားပြီး 144Hz Refresh Rate , 650 Nits Brightness ထောက်ပံ့ထားကာ Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။ မျက်နှာပြင် အလယ်မှာ Punch Hole ၁ ခု ပါလာပြီး မျက်နှာပြင်ဘေးဘောင်တွေက ပါးလွှာပါတယ်။ မျက်နှာပြင်ရဲ့ အထင်ကြီးစရာ အချက်က 1 Billion Color , DC Dimming နဲ့ Dolby Vision ထောက်ပံ့ထားတာ ဖြစ်ပါတယ်။

POCO X4 GT

MediaTek Dimensity 8100 Chipset မောင်းနှင်ထားပြီး Mali-G610 MC6 GPU ပါပါတယ်။ 8GB RAM နဲ့ 256GB Storage အထိ ရွေးချယ်နိုင်ပြီး အပူလျှော့ချပေးဖို့ Advanced Liquidcool Technology 2.0 ထည့်ထားပါတယ်။

POCO X4 GT

ဘက်ထရီ အကြောင်းပြောရရင် 67W Fast Charging ထောက်ပံ့တဲ့ 5,080mAh ဘက်ထရီ ထည့်သွင်းထားပြီး ၄၆ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ အနောက်ဘက်မှာ 64MP Samsung ISOCELL GW1 Main , 8MP Ultrawide , 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 20MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

POCO X4 GT

POCO X4 GT ရဲ့ 8GB+128GB ကို ၂၉၉ ယူရို၊ 8GB+256GB ကို ၃၄၉ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၅၈၀,၀၀၀ နဲ့ ၆၈၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာပါ။ ဥရောပ နိုင်ငံတချို့မှာ ဒီလ ၂၇ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina