Xiaomi ရဲ့ Poco Brand က စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ အဲဒါကတော့ Poco X6 Neo ဖြစ်ပါတယ်။

အဲဒီဖုန်းအတွက် လှပတဲ့ ရွှေရောင် မော်ဒယ် ထုတ်လုပ်ပေးထားပြီး အရင်က Redmi Note 13R Pro မှာပဲ တွေ့ခဲ့ရဖူးပါတယ်။ အဲဒီဖုန်း ၂ လုံးဟာ အရောင်တူရုံသာမက ဟာ့ဒ်ဝဲတွေလည်း တူညီကြပါတယ်။

Poco X6 Neo arrives with familiar design and 108 MP camera - GSMArena.com news

Poco X6 Neo မှာ 5G ထောက်ပံ့တဲ့ Dimensity 6080 Chipset မောင်းနှင်ထားပြီး 8GB RAM /128GB Storage နဲ့ 12GB RAM/256GB Storage မော်ဒယ်တွေ ထုတ်လုပ်ထားပါတယ်။ 6.67” OLED Full HD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။

Poco X6 Neo arrives with a thin body and 108 MP camera

မျက်နှာပြင် အထက် အလယ်မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 108MP Main နဲ့ 2MP Depth ကင်မရာ ထည့်သွင်းထားပါတယ်။ Android 13 ပါလာတာက သိပ်မမိုက်ဘဲ 33W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Poco X6 Neo အတွက် Astral Black, Horizon Blue နဲ့  Martian Orange အရောင်တွေ ထုတ်လုပ်ထားပြီး Storage အပေါ်မူတည်ကာ ဈေးနှုန်းတွေက ၁၉၀ ဒေါ်လာနဲ့ ၂၁၅ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Ref : gsmarena