Zawgyi

Xiaomi ရဲ႕ Brand ခြဲတစ္ခုျဖစ္တဲ့ Poco အေနနဲ႔ သူတို႔ရဲ႕ ပထဦးဆုံး စမတ္ဖုန္း POCOPHONE f1 ကို ကမာၻအႏွံ႔အျပားမွာ ျဖန္႔ခ်ီေရာင္းခ်သြားေတာ့မယ့္အေၾကာင္းကို တရားဝင္ ထုတ္ျပန္ေၾကျငာလိုက္ၿပီ ျဖစ္ပါတယ္။ ဒီအေၾကာင္းကို တြစ္တာရွိ POCOPHONE Global ရဲ႕ တရားဝင္ စာမ်က္ႏွာမွာ ထုတ္ျပန္ေၾကျငာခဲ့တာပါ။ POCOPHONE f1 ကို ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံ အပါအဝင္ အာရွ၊ ဥေရာပ၊ အေမရိက၊ အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိက, ႏိုင္ငံေတြမွာ မၾကာခင္ ျဖန္႔ခ်ီေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

POCOPHONE f1 ဟာ LiquidCool နည္းပညာပါဝင္တဲ့ Snapdragon 845 SoC နဲ႔အတူ ပြဲထြက္လာခဲ့တဲ့ စမတ္ဖုန္းျဖစ္ပါတယ္။ RAM အေနနဲ႔ 6GB ဒါမွမဟုတ္ 8GB ဆိုၿပီး ၂မ်ိဴးေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္သလို Memory Storage ကိုလည္း 64GB, 128GB နဲ႔ 256GB ဆိုၿပီး ၃မ်ိဴး ထုတ္လုပ္ထားတာ ျဖစ္ပါတယ္။ ၆.၁၈ လက္မ မ်က္ႏွာျပင္အက်ယ္ရွိ LCD Display ကိုအသုံးျပဳထားၿပီး Resolution ကေတာ့ 1080 x 2246 pixels ပါဝင္မွာ ျဖစ္ပါတယ္။ ေနာက္ေက်ာဘက္ ကင္မရာအတြက္ 12MP+5MP Dual Camera Setup ကို ေဒါင္လိုက္တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 20MP Camera ကို တပ္ဆင္ထားပါတယ္။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 4000mAh ထည့္သြင္းထားၿပီး USB Type C, 18W Quick Charge 3.0 အျမန္အားသြင္းစနစ္ကိုလည္း အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

POCOPHONE f1 ရဲ႕ RAM 6GB + Storage 64GB ေမာ္ဒယ္ကို ကန္ေဒၚလာ ၃၀၀ ဝန္းက်င္ (ျမန္မာေငြ ၄သိန္းခြဲ ဝန္းက်င္)နဲ႔ ကမာၻအႏွံ႔အျပားမွာ ျဖန္႔ခ်ီေရာင္းခ်သြားႏိုင္ဖြယ္ရွိပါတယ္။ RAM 6GB + Storage 128GB ေမာ္ဒယ္က ျမန္မာေငြ ၅၂၀,၀၀၀ ဝန္းက်င္ က်သင့္ႏိုင္ၿပီး RAM 8GB + Storage 256GB ေမာ္ဒယ္ကေတာ့ ျမန္မာေငြ ၆၂၅,၀၀၀ ခန္႔ က်သင့္ႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။

Ref: 9to5google

Unicode

မကြာခင် မြန်မာနိုင်ငံကို ရောက်ရှိလာတော့မယ့် POCOPHONE f1

Xiaomi ရဲ့ Brand ခွဲတစ်ခုဖြစ်တဲ့ Poco အနေနဲ့ သူတို့ရဲ့ ပထဦးဆုံး စမတ်ဖုန်း POCOPHONE f1 ကို ကမ္ဘာအနှံ့အပြားမှာ ဖြန့်ချီရောင်းချသွားတော့မယ့်အကြောင်းကို တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကို တွစ်တာရှိ POCOPHONE Global ရဲ့ တရားဝင် စာမျက်နှာမှာ ထုတ်ပြန်ကြေငြာခဲ့တာပါ။ POCOPHONE f1 ကို ကျွန်တော်တို့ မြန်မာနိုင်ငံ အပါအဝင် အာရှ၊ ဥရောပ၊ အမေရိက၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက, နိုင်ငံတွေမှာ မကြာခင် ဖြန့်ချီရောင်းချသွားမယ်လို့ သိရပါတယ်။

POCOPHONE f1 ဟာ LiquidCool နည်းပညာပါဝင်တဲ့ Snapdragon 845 SoC နဲ့အတူ ပွဲထွက်လာခဲ့တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။ RAM အနေနဲ့ 6GB ဒါမှမဟုတ် 8GB ဆိုပြီး ၂မျိူးရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်သလို Memory Storage ကိုလည်း 64GB, 128GB နဲ့ 256GB ဆိုပြီး ၃မျိူး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ၆.၁၈ လက်မ မျက်နှာပြင်အကျယ်ရှိ LCD Display ကိုအသုံးပြုထားပြီး Resolution ကတော့ 1080 x 2246 pixels ပါဝင်မှာ ဖြစ်ပါတယ်။ နောက်ကျောဘက် ကင်မရာအတွက် 12MP+5MP Dual Camera Setup ကို ဒေါင်လိုက်တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 20MP Camera ကို တပ်ဆင်ထားပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏ 4000mAh ထည့်သွင်းထားပြီး USB Type C, 18W Quick Charge 3.0 အမြန်အားသွင်းစနစ်ကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

POCOPHONE f1 ရဲ့ RAM 6GB + Storage 64GB မော်ဒယ်ကို ကန်ဒေါ်လာ ၃၀၀ ဝန်းကျင် (မြန်မာငွေ ၄သိန်းခွဲ ဝန်းကျင်)နဲ့ ကမ္ဘာအနှံ့အပြားမှာ ဖြန့်ချီရောင်းချသွားနိုင်ဖွယ်ရှိပါတယ်။ RAM 6GB + Storage 128GB မော်ဒယ်က မြန်မာငွေ ၅၂၀,၀၀၀ ဝန်းကျင် ကျသင့်နိုင်ပြီး RAM 8GB + Storage 256GB မော်ဒယ်ကတော့ မြန်မာငွေ ၆၂၅,၀၀၀ ခန့် ကျသင့်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Ref: 9to5google