[Zawgyi]

Poco အိႏၵိယရဲ႕ အေထြေထြမန္ေနဂ်ာျဖစ္သူ Manmohan က Poco F1 အတြက္ လာမယ့္ Software Update မွာ 4K ဗီဒီယိုေတြကို 60fps (Frames per Second) နဲ႔ ႐ိုက္ကူးႏိုင္ေအာင္ ျပဳလုပ္ေပးထားေၾကာင္း တြစ္တာမွာ ဖြင့္ဟခဲ့ဖူးပါတယ္။ (Xiaomi က အဆိုပါဖုန္းကို ကမာၻအႏွံ႔အျပားမွာ Pocophone F1 လို႔ ကင္ပြန္းတပ္ခဲ့ၿပီး အိႏၵိယမွာေတာ့ Poco F1 လို႔ ကင္ပြန္းတပ္ခဲ့ပါတယ္)

Pocophone F1 အတြက္ Software Update ဟာ ေဖေဖာ္ဝါရီလထဲမွာ ထြက္ရွိလာမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Pocophone F1 စတင္ထြက္ရွိတုန္းကဆိုရင္ 4K ဗီဒီယိုေတြကို 30fps နဲ႔ပဲ ႐ိုက္ကူးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အခုလာမယ့္ Update မွာေတာ့ 60fps နဲ႔ ႐ိုက္ကူးႏိုင္ေအာင္ ျပဳလုပ္ေပးထားမွာပါ။ ဒါ့အျပင္ Manmohan က Slo-mo 960fps နဲ႔ Night Mode ေတြပါဝင္လာမယ့္ Update ကိုလည္း ေနာက္ ၂ပတ္အတြင္းမွာ ထုတ္ေပးသြားမယ္လို႔ ေျပာၾကားထားပါေသးတယ္။ အဆိုပါ Update မွာ Touch Screen နဲ႔ ဘက္ထရီ အကုန္ျမန္တဲ့ ျပႆနာေတြကိုလည္း ေျဖရွင္းေပးထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ PUBG ကစားတဲ့အခါမွာ စိတ္အေႏွာက္အယွက္ျဖစ္ေစတဲ့ Notch ျပႆနာကိုလည္း ေျဖရွင္းေနတယ္လို႔ ေျပာၾကားထားပါတယ္။

Xiaomi က Pocophone F1 အတြက္ Widevine L1 လက္မွတ္ရရွိေအာင္ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။ Widevine L1 လက္မွတ္ရရွိသြားၿပီဆိုရင္ HD Video Streaming စတင္ေထာက္ပံ့ေပးႏိုင္ၿပီျဖစ္ၿပီး Amazon Prime Video နဲ႔ Netflix တို႔လိုမ်ိဴး အြန္လိုင္းဗီဒီယို ပလက္ေဖာင္းေတြက ဗီဒီယိုေတြကို HD အရည္အေသြးနဲ႔ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။ လက္ရွိ Pocophone F1 ေတြကေတာ့ Widevine L3 လက္မွတ္သာ ရရွိထားတာျဖစ္ၿပီး Video Streaming လုပ္မယ္ဆိုရင္ SD အရည္အေသြးနဲ႔သာ ၾကည့္ရႈႏိုင္မွာပါ။

HD Video Streaming ေထာက္ပံ့မႈကို ရရွိဖို႔အတြက္ Service Center ကို သြားလုပ္ရမွာလား ဒါမွမဟုတ္ Software Update ကေနတစ္ဆင့္ ရရွိမွာလားဆိုတာကိုေတာ့ Xiaomi ဘက္က တိတိက်က် ထုတ္ေဖာ္ေျပာၾကားထားျခင္း မရွိေသးပါဘူး။

Ref : Gadgets.ndtv

[Unicode]

Xiaomi Pocophone F1 ရဲ့ Software Update မှာ Night Mode, 960fps Slo-Mo နဲ့ 4K 60fps Video Recording တွေ ပါဝင်လာဖွယ်ရှိ

Poco အိန္ဒိယရဲ့ အထွေထွေမန်နေဂျာဖြစ်သူ Manmohan က Poco F1 အတွက် လာမယ့် Software Update မှာ 4K ဗီဒီယိုတွေကို 60fps (frame per second) နဲ့ ရိုက်ကူးနိုင်အောင် ပြုလုပ်ပေးထားကြောင်း တွစ်တာမှာ ဖွင့်ဟခဲ့ဖူးပါတယ်။ (Xiaomi က အဆိုပါဖုန်းကို ကမ္ဘာအနှံ့အပြားမှာ Pocophone F1 လို့ ကင်ပွန်းတပ်ခဲ့ပြီး အိန္ဒိယမှာတော့ Poco F1 လို့ ကင်ပွန်းတပ်ခဲ့ပါတယ်)

Pocophone F1 အတွက် Software Update ဟာ ဖေဖော်ဝါရီလထဲမှာ ထွက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ Pocophone F1 စတင်ထွက်ရှိတုန်းကဆိုရင် 4K ဗီဒီယိုတွေကို 30fps နဲ့ပဲ ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလာမယ့် Update မှာတော့ 60fps နဲ့ ရိုက်ကူးနိုင်အောင် ပြုလုပ်ပေးထားမှာပါ။ ဒါ့အပြင် Manmohan က Slo-mo 960fps နဲ့ Night Mode တွေပါဝင်လာမယ့် Update ကိုလည်း နောက် ၂ပတ်အတွင်းမှာ ထုတ်ပေးသွားမယ်လို့ ပြောကြားထားပါသေးတယ်။ အဆိုပါ Update မှာ Touch Screen နဲ့ ဘက်ထရီ အကုန်မြန်တဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် PUBG ကစားတဲ့အခါမှာ စိတ်အနှောက်အယှက်ဖြစ်စေတဲ့ Notch ပြဿနာကိုလည်း ဖြေရှင်းနေတယ်လို့ ပြောကြားထားပါတယ်။

Xiaomi က Pocophone F1 အတွက် Widevine L1 လက်မှတ်ရရှိအောင် ကြိုးစားနေတယ်လို့ သိရပါတယ်။ Widevine L1 လက်မှတ်ရရှိသွားပြီဆိုရင် HD Video Streaming စတင်ထောက်ပံ့ပေးနိုင်ပြီဖြစ်ပြီး Amazon Prime Video နဲ့ Netflix တို့လိုမျိူး အွန်လိုင်းဗီဒီယို ပလက်ဖောင်းတွေက ဗီဒီယိုတွေကို HD အရည်အသွေးနဲ့ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ Pocophone F1 တွေကတော့ Widevine L3 လက်မှတ်သာ ရရှိထားတာဖြစ်ပြီး Video Streaming လုပ်မယ်ဆိုရင် SD အရည်အသွေးနဲ့သာ ကြည့်ရှုနိုင်မှာပါ။

HD Video Streaming ထောက်ပံ့မှုကို ရရှိဖို့အတွက် Service Center ကို သွားလုပ်ရမှာလား ဒါမှမဟုတ် Software Update ကနေတစ်ဆင့် ရရှိမှာလားဆိုတာကိုတော့ Xiaomi ဘက်က တိတိကျကျ ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။

Ref : Gadgets.ndtv