Pocophone F1 ပြီးတဲ့နောက် သူ့ကိုဆက်ခံမယ့် နောက်ထပ်မျိုးဆက်သစ်ဟာ မြန်မြန်ဆန်ဆန်ထွက်ပေါ်လာတာတော့ မဟုတ်ပါဘူး။ Pocophone F2 ထွက်ပေါ်လာဖို့ကို အတော်လေးစောင့်ဆိုင်းခဲ့ကြရတာဖြစ်ပြီး ကောလာဟလပေါင်းများစွာကိုလည်း ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ Pocophone F1 ကိုဆက်ခံမယ့် မျိုးဆက်သစ်ဟာ လာမယ့်လတွေထဲမှာ ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။ ဒီထဲကမှ Pcocophone F2 Pro နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာအချက်အလက်ကတော့ 5G ချိတ်ဆက်နိုင်ခြင်း၊ ရှိ၊ မရှိ ဆိုတာပါပဲ။ အခုထွက်လာတဲ့သတင်းအရ ဦးစားပေးဈေးကွက်အချို့က Pocophone F2 ဟာ 5G ချိတ်ဆက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းဟာ အင်ဒိုနီးရှားရဲ့ TKDN certification ကတစ်ဆင့် ပေါ်ထွက်လာတာပါ။ မော်ဒယ်နံပါတ် M2004J11G ဟာ Pocophone F2 Pro နဲ့ ကိုက်ညီနေတာဖြစ်ပြီး ဒီစာရင်းမှာတော့ 4G-LTE band ကို ထောက်ပံ့ထားတာ ရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။ ဒါပေမယ့် 5G နဲ့ပတ်သက်တဲ့ ဝေါဟာရကိုတော့ တွေ့မြင်ရခြင်းမရှိပါဘူး။

Chipset ဟာ 5G ချိတ်ဆက်အသုံးပြုနိုင်စွမ်းရှိတဲ့ Snapdragon 865 ဆိုတာတော့ ထင်သာမြင်သာရှိပါတယ်။ ဒါပေမယ့် ဒီဟန်းဆက်ဟာ Band အားလုံးကိုတော့ မထောက်ပံ့နိုင်ဘူးလို့ ယူဆရပါတယ်။ ဒါကြောင့် ဥရောပလိုမျိုး ဦးစားပေးဈေးကွက်အချို့မှာတော့ Pocophone F2 Pro 5G ဗားရှင်းကိုရောင်းချပြီး၊ ကျန်ဈေးကွက်တွေမှာတော့ ဈေးသက်သာတဲ့ 4G အမျိုးအစားပဲ ရောင်းချနိုင်တာ ဖြစ်ပါတယ်။

Ref: GSM Arena