Pokemon Go ဂိမ်းဟာ ထွက်ရှိတဲ့အချိန်တုန်းက တကမ္ဘာလုံးမှာ ဆော့ကစားသူအများအပြားရှိခဲ့တဲ့ မိုဘိုင်းဂိမ်းတစ်ခုဖြစ်ပါတယ်။ အဓိကအနေနဲ့ လူတိုင်းရင်းနှီးပြီးသားဖြစ်နေတဲ့ Pokemon Character တွေကိုမှ AR ပုံစံဖြစ်တာကလည်း Pokemon Go က တခြားသောဂိမ်းတွေနဲ့ ကွဲထွက်နေတယ်လို့ ပြောနိုင်ပါတယ်။

အခုအချိန်မှာတော့ Pokemon Go ဟာ ယခင်တုန်းကလောက်ဆော့ကစားသူမရှိတော့ပေမယ့်လည်း iPhone တွေအတွက် ပိုကောင်းတဲ့ Update တစ်ခုကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Pokemon Go ဟာ iPhone တွေမှာ Refresh Rate အမြင့်ကို Support ပေးလိုက်တာပဲဖြစ်ပါတယ်။

ယခင်တုန်းက Pokemon Go ဂိမ်းဟာ iPhone တွေမှာ 30fps ပဲ Support ပေးထားတာဖြစ်ပြီး အခုမှသာ ဂိမ်းရဲ့ Advanced Setting ထဲမှာ “Unlock Native Refresh Rate” Option ကို ထည့်သွင်းလိုက်တာဖြစ်ပါတယ်။ အဆိုပါ Option ကို Enabled ပြုလုပ်ထားတယ်ဆိုရင် iPhone Display က Support ပြုလုပ်တဲ့ Refresh Rate အတိုင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် 120Hz ProMotion ပါဝင်လာတဲ့ iPhone 13 Pro နဲ့ iPhone 13 Pro Max ဖုန်းတွေဆိုရင် 120Hz အထိ Support ပြုလုပ်မှာဖြစ်ပြီး ကျန်တဲ့ iPhone တွေအနေနဲ့လည်း 60Hz Refresh Rate နဲ့ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

အခုလိုမျိုး High Refresh Rate ကို Support ပြုလုပ်ဖို့အတွက်ကတော့ Pokemon Go App ကို Version 1.191.0 ကို Update ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အခု High Refresh Rate Support အပြင် တခြားသော Bug Fix တွေလည်းပါဝင်မယ်လို့ သိရပါတယ်။ တစ်ခုရှိတာကတော့ ကိုယ့် iPhone ဟာ iOS 12 နဲ့အထက်ရှိနေရမှာဖြစ်ပါတယ်။

Ref – GSM Arena