Pokemon Go ဂိမ်းဟာ ပြီးခဲ့နှစ်ကထုတ်လုပ်ခဲ့တဲ့ဂိမ်းတစ်ခုဖြစ်ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ဂိမ်းတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Pokemon Go ကနေ iOS Devices တွေအတွက် ထုတ်ပြန်ချက်တစ်ခုကို ကြေငြာလိုက်ပါတယ်။

အခုကြေငြာချက်မှာတော့ Pokemon Go ဂိမ်းကို Apple iOS 11 ကို Update မပြုလုပ်ထားတဲ့ Apple iDevices တွေမှာတော့ လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ရရှိမယ့် Update ပြီးရင် ဆော့ကစားနိုင်တော့မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။

Pokemon Go ထုတ်တဲ့ Niantic ကုမ္ပဏီကတော့ အခုလိုမျိုး iOS Version အနိမ့်ဖုန်းတွေမှာ ဆော့ကစားလို့မရတော့တာဟာ Pokemon Go ဂိမ်းဟာ အခုအချိန်မှာ iOS Version အနိမ့်တွေမှာ ရှိနေတဲ့စွမ်းဆောင်ရည်ထက်ပိုပြီး မြင့်မားနေလို့ဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

အဲ့ဒီအတွက် iOS Version နိမ့်နေလို့ Pokemon Go တော့လို့မရဘူးဆိုရင် iOS 11 ကို Update ပြုလုပ်တာပဲဖြစ်ဖြစ် iOS 11 တင်လို့ရတဲ့ iDevice ကိုပဲဖြစ်ဖြစ် ပြောင်းမှသာ အဆင်ပြေတော့မှာပါ။