Paperclip နဲ့ ဖုန်း Stand လုပ်မယ်

ရုပ်ရှင်တွေကြည့်တဲ့အခါမှာ ဖုန်းကို ထောင်ဖို့ Stand တစ်ခုခု လိုအပ်လာပါလိမ့်မယ်။ ဒါဆိုရင် အိမ်မှာ စာရွက်ညှပ်တဲ့ ကလစ် အကြီးတစ်ခုကို ဟလိုက်ပြီး ဖုန်း Stand အနေနဲ့ အသုံးပြုလို့ရပါတယ်။

လက်အိတ်စွပ်ထားချိန်မှာ ဖုန်း သုံးလို့မရတဲ့အခါ

လက်အိတ်စွပ်ထားတဲ့အချိန်မှာ ဖုန်းစခရင်ကို Touch နှိပ်လို့မရပါဘူး။ ဒီလိုအခြေအနေမျိုးမှာ လက်အိတ်ချွတ်စရာမလိုဘဲ အလူမီနီယံ Foil ကိုသာ လက်ညှိးမှာ စွပ်ထားလိုက်ရုံနဲ့ ဖုန်းကို Touch နှိပ်လို့ရပါတယ်။

ဆေးထိုးအပ်နဲ့ ဖုန်းအတွင်းကြားအထိ သန့်ရှင်းရေးလုပ်လို့ရ

တစ်ခါမှ မသုံးရသေးတဲ့ ဆေးထိုးအပ်ကို ယူပြီး ဖုန်းတွေရဲ့ Ports တွေကြားက ဖုန်တွေကို လေနဲ့ မှုတ်ထုတ်၊ စုပ်ထုတ်တာတွေက တခြား အ၀တ်တွေနဲ့ သုတ်တာထက်ပိုပြီး ပြောင်ပါတယ်။

ဖုန်းရဲ့ Tripod အဖြစ် တိတ်နဲ့ သားရေပင်ကို သုံးမယ်

ဖုန်းနဲ့ ဓာတ်ပုံရိုက်ချင်ပြီး Tripod မရှိတဲ့အခါ အသုံးပြုလို့ရပါတယ်။ ဖုန်းကို တိတ်ခွေထဲထည့်ပြီး ပြုတ်မကျအောင် နှစ်ဖက်ကို သားရေကွင်းတွေနဲ့ စည်းနှောင်ထားလိုက်ပါ။ ဒါဆိုရင် ပုံမှာပြထားသလို ကြိုက်သလိုထားပြီး ဓာတ်ပုံရိုက်လို့ရပါတယ်။

ညဘက် ဖုန်းရဲ့ Flashlight ကို သုံးပြီး စာဖတ်မယ်

ဖုန်းရဲ့ Flashlight ချည်းဘဲဆိုရင် မီးရောင် အရမ်းစူးတာကြောင့် စာဖတ်လို့ အဆင်မပြေပါဘူး။ ဒါကြောင့် ဖုန်းရဲ့ Flashlight ပေါ်မှာ ရေဗူးတင်ပေးထားရင်တော့ မီးအလင်းလေးက ဖြာကျနေပြီး စာဖတ်လို့ အဆင်ပြေမှာပါ။

ကွန်ဒုံးသုံးပြီး Underwater Photography ရိုက်လို့ရ

ခဏတဖြုတ် ဖုန်းကို ရေထဲခဏလေးထားပြီး ရိုက်ချင်တဲ့အခါမျိုးမှာ ကွန်းဒုံးကို ဖုန်းမှာ စွပ်ပြီး ရိုက်လို့ရပါတယ်။ ဒါပေမယ့် ရေမ၀င်အောင်လို့တော့ နည်းနည်း ဂရုစိုက်ပေးဖို့လိုပါတယ်။ အခန့်မသင့်ရင် ဖုန်းပျက်နိုင်တာကြောင့် တတ်နိုင်ရင်တော့ ဒီနည်းလမ်းကို မသုံးပါနဲ့။

Photo Credit: brightside.com