Zawgyi






Ref – Gizmo China

Unicode

Xiaomi ကနေ လာမယ့်ရက်သတ္တပတ်အတွင်းမှာ မိတ်ဆက်လာနိုင်တဲ့ Model Number M1912G7BE / M1912G7BC အမည်ရှိ စမတ်ဖုန်းတစ်လုံးက အခုအချိန်မှာ China 3C Certification ကို ရရှိခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ Pocophone F2 ဖြစ်လာဖို့များနေတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။

အခု 3C Certification အရတော့ ဒီ Xiaomi စမတ်ဖုန်းဟာ 27W Fast Charger ပါဝင်မှာဖြစ်ပြီး တခြားသော သတင်းအချက်အလက်တွေကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ အလားတူ Model Number တူညီတဲ့ စမတ်ဖုန်းကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက National Radio Agency of China မှာပါ Certified ဖြစ်ခဲ့ဖူးတဲ့အတွက် နောက်ထပ် TENAA Certification ရရှိဖို့ကလည်း အချိန်အနည်းငယ်ပဲ စောင့်ဆိုင်းရဖို့ရှိနေပါတယ်။

Xiaomi အနေနဲ့ ယခုနှစ်မကုန်ခင်မှာ MediaTek ရဲ့ Flagship 5G Chipset အသစ်ကို အသုံးပြုလာမယ့် Redmi K30 Series ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေပြီးတော့ Mi Mix 4 လိုမျိုး စမတ်ဖုန်းကိုလည်း 5G Support နဲ့ မိတ်ဆက်လာနိုင်ပါတယ်။ ဒါပေမယ့် အခု 3C Certification ရရှိလာတဲ့ Xiaomi ဖုန်းကတော့ 5G Support ပြုလုပ်ခြင်းမရှိတဲ့အတွက် Xiaomi Pocophone F2 ဖြစ်လာနိုင်ခြေပိုများနေတာလည်းဖြစ်ပါတယ်။

Xiaomi Pocophone F2 ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း Case Maker တစ်ဦးဖြစ်တဲ့ Spigen ဆီကနေ ဓါတ်ပုံတွေပေါက်ကြားခဲ့ဖူးပြီးတော့ အဆိုပါ ဓါတ်ပုံအရ Triple Camera Setup နဲ့ Pop-up Selfie Camera တွေပါဝင်လာမယ့်ပုံပါပဲ။

ဘာပဲဖြစ်ဖြစ် အခုသတင်းအရတော့ Redmi K30 Series ဖုန်းတွေဟာ MediaTek 5G Processor ၊ Punch-hole Display နဲ့ မိတ်ဆက်လာနိုင်ပြီး Pocophone F2 ကတော့ Snapdragon 855+ ၊ Pop-up Selfie Camera နဲ့ ပွဲထွက်လာဖို့များနေပါတယ်။

Ref – Gizmo China