Zawgyi




Ref: Engadget

Unicode

Spec အနိမ့် ကွန်ပြူတာတွေမှာ ကစားနိုင်မယ့် PUBG Lite ကို ထိုင်းနိုင်ငံမှာ စတင် စမ်းသပ်

Spec အနိမ့် ကွန်ပြူတာတွေမှာ ဆော့နိုင်တဲ့အပြင် ဆော့ကစားဖို့အတွက် ပိုက်ဆံပေးစရာမလိုတဲ့ PlayerUnknown’s Battlegrounds Lite ဂိမ်းကို ထိုင်းနိုင်ငံမှာ စတင် စမ်းသပ်ကစားနေကြပါပြီ။ စမ်းသပ်ကစားကြည့်လို့ Error တွေ Bug တွေ ကင်းသွားတာနဲ့ တစ်ကမ္ဘာလုံးမှာ ဆော့ကစားနိုင်တော့မှာပါ။ သာမန် ဗားရှင်းလို CPU နဲ့ Graphic Card တွေ မရွေးတော့တဲ့ အတွက် အနိမ့်စား Spec တွေနဲ့ ကွန်ပြူတာတွေမှာ သာသာယာယာ ဆော့နိုင်ပါပြီ။

Lite ဗားရှင်းဖြစ်တဲ့အတွက် သာမန် ဗားရှင်းလိုတော့ Feature စုံစုံလင် ပါဝင်ခြင်းမရှိပါဘူး။ မြေပုံအနေနဲ့လည်း Original PUBG Map ဖြစ်တဲ့ Erangel မှာပဲ ဆော့ကစားနိုင်ဦးမှာပါ။ ဒါ့အပြင် သာမန် Game Mode တွေဖြစ်တဲ့ Solo, Duo နဲ့ Squad တွေပဲ ဆော့နိုင်မှာဖြစ်ကာ တစ်ခြား Game Mode တွေ ပါဝင်ခြင်းမရှိသေးပါဘူး။ PUBG Lite ဟာ Original PUBG နဲ့ Development Team မတူပဲ ကိုယ်ပိုင် Development Team တစ်ခု ဖွဲ့ကာရေးဆွဲထားတာပါ။ PUBG Lite ကို ရေးဆွဲထားတဲ့ Developer တွေကတော့ PUBG Lite အတွက် သူ့ကိုယ်ပိုင် မြေပုံအသစ်တွေထုတ်ပေးသွားမယ်လို့ ကတိပေးထားပါတယ်။

Lite ဗားရှင်းထုတ်လိုက်တဲ့ PUBG ရဲ့ ရည်ရွယ်ချက်ကတော့ Free ကစားလို့ရတယ်ဆိုပြီး နာမည်ကြီးနေတဲ့ Fortnite ကို ယှဉ်ပြိုင်ဖို့ ပါပဲ။ PUBG Lite ကို ကစားဖို့အတွက် အနိမ့်ဆုံး လိုအပ်ချက်တွေကတော့ Windows 7, Intel Core i3 2.4Ghz, Intel HD Graphics 4000, RAM 4GB နဲ့ Storage 4GB တို့ဖြစ်ပါတယ်။

Ref: Engadget