မကြာခင်က ကြေညာခဲ့တဲ့ NFT စီမံကိန်းဟာ ဝေဖန်မှုတွေခံနေရပေမယ့်လည်း PlayerUnknown’s Battleground Studio Krafton က NFT ဂိမ်း နယ်ပယ်ထဲ ဝင်ရောက်မယ်လို့ ကြေညာလိုက်ပါတယ်။ ကုမ္ပဏီဟာ Web 3.0 နဲ့ Non-fungible Token (NFT) စီမံကိန်းကို ဖန်တီးဖို့ Metaverse ပလက်ဖောင်း Zepeto ကို တည်ထောင်ထားတဲ့ Naver Z နဲ့ သဘောတူစာချုပ်ချုပ်ဆိုထားပါတယ်။ ကုမ္ပဏီ ၂ ခု ပူးပေါင်းပြီး NFT Metaverse ပလက်ဖောင်းကို တည်ဆောက်ကြမှာ ဖြစ်ပါတယ်။

PUBG

Krafton ရဲ့ NFT စီမံကိန်းကို PUBG မှာ တိုက်ရိုက် ထည့်သွင်းမလားဆိုတာ မသိရသေးပါဘူး။ ကုမ္ပဏီဟာ PUBG ကို ဖန်တီးရာကနေရတဲ့ အတွေ့အကြုံတွေကို အသုံးပြုကာ “User-generation Content (UGC) Creation Tool ကို ဖန်တီးမှာ ဖြစ်သလို Virtual World ကို Unreal Engine မှာ ထည့်သွင်းနိုင်မှာပါ။ Naver Z ဟာ Metaverse Service ကို စီမံခန့်ခွဲမှာ ဖြစ်ပြီး Community နဲ့ Social Service တွေကို ကိုင်တွယ်မှာ ဖြစ်ပါတယ်။

PUBG MOBILE Events

“ Krafton နဲ့ Naver Z တို့ဟာ မတူညီတဲ့ ကျွမ်းကျင်မှုတွေကို အသုံးချကာ ပူးပေါင်းကြမှာ ဖြစ်ပါတယ်။ NFT နဲ့ Metaverse တို့ ထွန်းကားလာမယ့် အနာဂတ်အတွက် တူညီတဲ့ ဘုံရည်မှန်းချက်တွေ ထားရှိကြမှာ ဖြစ်ပါတယ်။ Krafton ရဲ့ လက်ရှိ နည်းပညာတွေနဲ့ Naver Z ရဲ့ Zepeto အတွေ့အကြုံတွေကို ပေါင်းစည်းခြင်းအားဖြင့် ပြိုင်ဖက်တွေထက် ထူးခြားကောင်းမွန်တဲ့ အရည်အသွေးမြင့် UGC Open Metaverse ကို ကျွန်တော်တို့ အတူတကွ တည်ဆောက်နိုင်မယ်ဆိုတာ ယုံကြည့်မှု အပြည့်အဝ ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာ NFT နည်းပညာနဲ့ ဝင်ငွေရှာနိုင်တဲ့ စီးပွားရေး မော်ဒယ် ၁ ခုကို ဖန်တီးဖို့ ရည်မှန်းထားပါတယ်။ “ လို့ Krafton Web 3.0 အဖွဲ့ခေါင်းဆောင် HyungChul Park က ပြောပါတယ်။

Krafton က Naver Z နဲ့ ပူးပေါင်းပြီး NFT နယ်ပယ်ထဲဝင်ရောက်မယ့် စီမံကိန်း အသေးစိတ် သတင်းအချက်အလက်တွေကို နောက်ပိုင်းမှာ ထုတ်ပြန်ကြေညာသွားမယ်လို့ ပြောပါတယ်။

Ref : pcgamer