Zawgyi

Gaming ပိုင္းဆိုင္ရာ ပစၥည္းေတြ ထုတ္တဲ့ေနရာမွာ နာမည္ႀကီးတဲ့ ကုမၸဏီႀကီး Razer ကေန Razer Phone လို႔ ေခၚတဲ့ Gaming Phone တစ္လံုးကို ထုတ္လုပ္လိုက္တဲ့ အခ်ိန္တုန္းက စမတ္ဖုန္းေလာကမွာ အေတာ္ေလး ဂယက္႐ိုက္သြားခဲ့ပါတယ္။ စမတ္ဖုန္းေတြမွာ ရွာမွရွား 120Hz Screen Refresh Rate နဲ႔ မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားၿပီး အသံက်ယ္ေလာင္ကာ အရည္အေသြးေကာင္းတဲ့ စတီရီယို စပီကာေတြကို တပ္ဆင္ေပးထားတာေၾကာင့္ Gaming Phone တစ္လံုး ပီသၿပီး Mobile Gamer ေတြၾကား ေရပန္းအစားဆံုး ဖုန္းတစ္လံုးျဖစ္ခဲ့ပါတယ္။ Razer Phone နဲ႔ အတူ ေအာင္ျမင္မႈရရွိခဲ့တာေၾကာင့္ Razer Phone 2 ကို ဆက္ထုတ္ခဲ့ၿပီး Razer Phone 1 လိုပဲ ေအာင္ပန္းဆင္လ်က္ပါပဲ။

ဒါေပမယ့္ လတ္တေလာ သတင္းထုတ္ျပန္ခ်က္ေတြအရေတာ့ Razer ကုမၸဏီ အေနနဲ႔ Razer Phone 2 ရဲ႕ ေနာက္ဆက္တြဲ ျဖစ္တဲ့ Razer Phone 3 ကို ဆက္ထုတ္ဖို႔က မေသခ်ာေတာ့ပါဘူး။ အေၾကာင္းရင္းကေတာ့ ၿပိဳင္ဘက္ ဖုန္း ကုမၸဏီေတြက Gaming Phone ေတြ လိုက္ထုတ္လာတာေၾကာင့္ Razer Phone ေတြ ေရာင္းအားက်ဆင္းလာတဲ့ အခ်က္နဲ႔ Razer ကုမၸဏီဟာ တစ္ျခား ပေရာဂ်က္ေတြအေပၚ အာရံုစိုက္ေနရတဲ့ အခ်က္ေတြေၾကာင့္ပါပဲ။ ကုမၸဏီ တစ္ခုလံုးရဲ႕ အသံုးစရိတ္ေလ်ာ့ခ်ဖို႔ အတြက္ မိုဘိုင္းဖုန္း အပိုင္းက ဝန္ထမ္းေတြကို တစ္ျခား ဌာနေတြကို လႊဲေျပာင္းခဲ့ၿပီး မိုဘိုင္းဖုန္းထုတ္လုပ္ေရး အပိုင္းကို ပိတ္ခ်ဖို႔အထိ Razer အေနနဲ႔ အက်ပ္႐ိုက္ေနပါၿပီ။

နည္းပညာ ဝဘ္ဆိုက္ Droid Life ရဲ႕ ေျပာၾကားခ်က္ေတြ အရ Razer ရဲ႔ ဝန္ထမ္း အေယာက္ သံုးဆယ္ေက်ာ္ကို ေလ်ာ့ခ်ခဲ့ၿပီး အဆိုပါ ပမာဏဟာ ကုမၸဏီတစ္ခုလံုးရဲ႕ စုစုေပါင္း ဝန္ထမ္း အေရအတြက္ရဲ႕ ၂ ရာခိုင္ႏႈန္းထိ ရွိတယ္လို႔ သိရပါတယ္။ Razer က ေလ်ာ့ခ်လိုက္တဲ့ အဆိုပါ အလုပ္သမား အေယာက္သံုးဆယ္ေက်ာ္ဟာ မိုဘိုင္းဖုန္း ထုတ္လုပ္ေရးပိုင္းနဲ႔ ဆက္စပ္ေနတာေၾကာင့္ Razer Phone 3 ကို ဆက္လက္ ထုတ္လုပ္သြားဖို႔က မျဖစ္ႏိုင္ေတာ့ပါဘူး။

Razer အေနနဲ႔လည္း မိုဘိုင္းဖုန္း ထုတ္လုပ္ေရးပိုင္းက ဝန္ထမ္းေတြ ေလ်ာ့လိုက္တဲ့ အေၾကာင္းကို တရားဝင္ ေၾကညာခ်က္ထုတ္ခဲ့ၿပီး မိုဘိုင္းဖုန္း ထုတ္လုပ္ေရးအပိုင္းက ဝန္ထမ္းတစ္ခ်ိဳ႔ကိုလည္း ကုမၸဏီရဲ႕ တစ္ျခား ပေရာဂ်က္ေတြအတြက္ ေရႊ႕ေျပာင္းေပးခဲ့တယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လည္း Razer ကုမၸဏီရဲ႕ Mobile Gaming ေလာကအေပၚ စိတ္ဝင္စားမႈကေတာ့ ေလ်ာ့က်သြားျခင္းမရွိေသးပဲ အနာဂါတ္ Gaming Phone ေတြ ထုတ္လုပ္သြားဖို႔ေတာ့ရွိပါတယ္။


Razer ရဲ႕တရားဝင္ေျပာၾကားခ်က္အရ စိတ္လႈပ္ရွားစရာ Mobile Gaming Project ေတြရွိေနၿပီး ေသခ်ာေရရာတဲ့ အေနအထားေရာက္ရင္ ပရိတ္သတ္ေရွ႕ေမွာက္ ခ်ျပမယ္လို႔ေျပာထားပါတယ္။ လက္ရွိအေနအထားအရေတာ့ Razer Phone 3 ကို ထုတ္လုပ္မွာမဟုတ္ပဲ Mobile Phone အပိုင္းကို ရပ္နားထားမွာပါ။ ဒါေပမယ့္ Razer Phone 2 ကိုေတာ့ ဆက္လက္ေရာင္းခ်ေနဦးမွာ ျဖစ္ၿပီး Accessories ေတြနဲ႔ Software Update ေတြလည္း ဆက္လက္ ထုတ္ေပးသြားဦးမွာပါ။

Ref: Gizmo China

Unicode

Razer Phone 3 ကို ဆက်လက် ထုတ်သွား နိုင်ခြေ မရှိ

Gaming ပိုင်းဆိုင်ရာ ပစ္စည်းတွေ ထုတ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ကုမ္ပဏီကြီး Razer ကနေ Razer Phone လို့ ခေါ်တဲ့ Gaming Phone တစ်လုံးကို ထုတ်လုပ်လိုက်တဲ့ အချိန်တုန်းက စမတ်ဖုန်းလောကမှာ အတော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်။ စမတ်ဖုန်းတွေမှာ ရှာမှရှား 120Hz Screen Refresh Rate နဲ့ မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး အသံကျယ်လောင်ကာ အရည်အသွေးကောင်းတဲ့ စတီရီယို စပီကာတွေကို တပ်ဆင်ပေးထားတာကြောင့် Gaming Phone တစ်လုံး ပီသပြီး Mobile Gamer တွေကြား ရေပန်းအစားဆုံး ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ Razer Phone နဲ့ အတူ အောင်မြင်မှုရရှိခဲ့တာကြောင့် Razer Phone 2 ကို ဆက်ထုတ်ခဲ့ပြီး Razer Phone 1 လိုပဲ အောင်ပန်းဆင်လျက်ပါပဲ။


ဒါပေမယ့် လတ်တလော သတင်းထုတ်ပြန်ချက်တွေအရတော့ Razer ကုမ္ပဏီ အနေနဲ့ Razer Phone 2 ရဲ့ နောက်ဆက်တွဲ ဖြစ်တဲ့ Razer Phone 3 ကို ဆက်ထုတ်ဖို့က မသေချာတော့ပါဘူး။ အကြောင်းရင်းကတော့ ပြိုင်ဘက် ဖုန်း ကုမ္ပဏီတွေက Gaming Phone တွေ လိုက်ထုတ်လာတာကြောင့် Razer Phone တွေ ရောင်းအားကျဆင်းလာတဲ့ အချက်နဲ့ Razer ကုမ္ပဏီဟာ တစ်ခြား ပရောဂျက်တွေအပေါ် အာရုံစိုက်နေရတဲ့ အချက်တွေကြောင့်ပါပဲ။ ကုမ္ပဏီ တစ်ခုလုံးရဲ့ အသုံးစရိတ်လျော့ချဖို့ အတွက် မိုဘိုင်းဖုန်း အပိုင်းက ဝန်ထမ်းတွေကို တစ်ခြား ဌာနတွေကို လွှဲပြောင်းခဲ့ပြီး မိုဘိုင်းဖုန်းထုတ်လုပ်ရေး အပိုင်းကို ပိတ်ချဖို့အထိ Razer အနေနဲ့ အကျပ်ရိုက်နေပါပြီ။

နည်းပညာ ဝဘ်ဆိုက် Droid Life ရဲ့ ပြောကြားချက်တွေ အရ Razer ရဲ့ ဝန်ထမ်း အယောက် သုံးဆယ်ကျော်ကို လျော့ချခဲ့ပြီး အဆိုပါ ပမာဏဟာ ကုမ္ပဏီတစ်ခုလုံးရဲ့ စုစုပေါင်း ဝန်ထမ်း အရေအတွက်ရဲ့ ၂ ရာခိုင်နှုန်းထိ ရှိတယ်လို့ သိရပါတယ်။ Razer က လျော့ချလိုက်တဲ့ အဆိုပါ အလုပ်သမား အယောက်သုံးဆယ်ကျော်ဟာ မိုဘိုင်းဖုန်း ထုတ်လုပ်ရေးပိုင်းနဲ့ ဆက်စပ်နေတာကြောင့် Razer Phone 3 ကို ဆက်လက် ထုတ်လုပ်သွားဖို့က မဖြစ်နိုင်တော့ပါဘူး။

Razer အနေနဲ့လည်း မိုဘိုင်းဖုန်း ထုတ်လုပ်ရေးပိုင်းက ဝန်ထမ်းတွေ လျော့လိုက်တဲ့ အကြောင်းကို တရားဝင် ကြေညာချက်ထုတ်ခဲ့ပြီး မိုဘိုင်းဖုန်း ထုတ်လုပ်ရေးအပိုင်းက ဝန်ထမ်းတစ်ချို့ကိုလည်း ကုမ္ပဏီရဲ့ တစ်ခြား ပရောဂျက်တွေအတွက် ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း Razer ကုမ္ပဏီရဲ့ Mobile Gaming လောကအပေါ် စိတ်ဝင်စားမှုကတော့ လျော့ကျသွားခြင်းမရှိသေးပဲ အနာဂါတ် Gaming Phone တွေ ထုတ်လုပ်သွားဖို့တော့ရှိပါတယ်။

Razer ရဲ့ တရားဝင်ပြောကြားချက်အရ စိတ်လှုပ်ရှားစရာ Mobile Gaming Project တွေရှိနေပြီး သေချာရေရာတဲ့ အနေအထားရောက်ရင် ပရိတ်သတ်ရှေ့မှောက် ချပြမယ်လို့ပြောထားပါတယ်။ လက်ရှိအနေအထားအရတော့ Razer Phone 3 ကို ထုတ်လုပ်မှာမဟုတ်ပဲ Mobile Phone အပိုင်းကို ရပ်နားထားမှာပါ။ ဒါပေမယ့် Razer Phone 2 ကိုတော့ ဆက်လက်ရောင်းချနေဦးမှာ ဖြစ်ပြီး Accessories တွေနဲ့ Software Update တွေလည်း ဆက်လက် ထုတ်ပေးသွားဦးမှာပါ။

Ref: Gizmo China