realme ဟာ ဒီတစ်ပတ် အစောပိုင်းမှာ အိန္ဒိယမှာ realme 12x ကို ကြေညာခဲ့ပြီး အခုတော့ အဲဒီမှာ စမတ်ဖုန်း Series အသစ်ကို မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။

realme India က X (Twitter) မှာ ပို့စ် ၁ ခုနဲ့ အဲဒီ သတင်းကို ကြေညာလိုက်တာ ဖြစ်ပြီး “Power Up” လို့ Caption ရေးသားထားတဲ့ ဗီဒီယို အတို ၁ ခုကို တင်ထားပါတယ်။ အဲဒီ ဗီဒီယိုမှာ စမတ်ဖုန်း အသစ် အကြောင်းကို ဘာမှ မဖော်ပြထားသေးဘဲ ကုမ္ပဏီက Teaser အသစ်တွေကို ထပ်မျှဝေမှပဲ အဲဒီ စမတ်ဖုန်း Series အသစ်အကြောင်းကို သိရမှာ ဖြစ်ပါတယ်။

Realme Teases A New Smartphone Launch for India - Gizchina.com

realme India Websie မှာ C-Series နဲ့ Number Series စမတ်ဖုန်းတွေကို ရောင်းချပေးထားပြီး GT Series တွေကိုတော့ ရောင်းချတာ ရပ်နားထားပါတယ်။ စမတ်ဖုန်း Series အသစ်ရဲ့ အမည်ဟာ ဘာဖြစ်မလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပြီး realme ရဲ့ စမတ်ဖုန်း Series တွေကြားမှာ ဘယ်နေရာမှာ ရှိမလဲ ဆိုတာကို မကြာခင်သိရတော့မှာ ဖြစ်ပါတယ်။

realme ရဲ့ ပြိုင်ဖက် Redmi ကလည်း Turbo စမတ်ဖုန်း Series အသစ်ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ realme ရဲ့ စမတ်ဖုန်း Series အသစ်ဟာ Remdi ရဲ့ Turbo Series ကို လိုက်ဖိုက်မှာလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Ref : gsmarena