Zawgyi

OPPO ရဲ႕ Brand အခြဲအေနနဲ႔ ခြဲထြက္ျပီးေနာက္ပုိင္း တျဖည္းျဖညး္ နာမည္ရလာတဲ့ Realme ကေန အခုအခ်ိန္မွာ လက္ရွိေအာင္ျမင္ေနတဲ့ Realme 3 စမတ္ဖုန္းထက္ ပိုေစ်းသက္သာျပီး စြမ္းေဆာင္ရည္တူညီမယ့္ Realme 3i စမတ္ဖုန္းကို လာမယ့္ ဇူလုိင္လ ၁၅ ရက္ေန႔မွာ မိတ္ဆက္သြားေတာ့မယ္လုိ႔ ေၾကညာလိုက္ျပီျဖစ္ပါတယ္။

အခု ဒီ Realme 3i စမတ္ဖုန္းကို အိႏၵိယႏုိင္ငံမွာ မိတ္ဆက္သြားမွာျဖစ္ျပီးေတာ့ Realme X စမတ္ဖုန္းလည္းပါဝင္လာမွာျဖစ္ပါတယ္။ Realme ကေတာ့ အခုမိတ္ဆက္ပြဲကို “Champion of Smartphones” ဆုိျပီး နာမည္ေပးထားျပီးေတာ့ Price to Performance မွာ အေကာင္းဆံုးေနရာကို ရယူဖုိ႔ရည္ရြယ္ထားတဲ့ပံုစံပါပဲ။

Realme X ဖုန္းကေတာ့ တရုတ္ႏုိင္ငံမွာ မိတ္ဆက္ထားျပီးျဖစ္တဲ့အတြက္ အခ်က္အလက္ေတြအကုန္လံုးကို သိေနျပီျဖစ္ေပမယ့္ Realme 3i ဖုန္းကေတာ့ အခုအခ်ိန္အထိ သတင္းအခ်က္အလက္အတိအက်မသိရေသးပါဘူး။ ဒါေပမယ့္ Benchmarking Website တစ္ခုျဖစ္တဲ့ Geekbench ကေန ေပါက္ၾကားလာတဲ့သတင္းေတြေၾကာင့္ ဒီ Realme 3i နဲ႔ ပတ္သတ္တဲ့သတင္းတစ္္ခ်ိဳ႕ကို သိလာခဲ့ရပါတယ္။

Geekbench ရဲ႕ အဆိုအရေတာ့ ယခု Realme 3i စမတ္ဖုနး္က MediaTek ရဲ႕ Helio P60 Processor ကိုပဲ အသံုးျပဳလာမွာျဖစ္ျပီးေတာ့ RAM 4GB လည္းပါဝင္လာမယ္လုိ႔ သိရပါတယ္။ အဲ့ဒီအတြက္ လက္ရွိေရာင္းခ်ေနတဲ့ Realme 3 နဲ႔ေတာင္ စြမ္းေဆာင္ရည္ကတူညီတယ္လုိ႔ ေျပာလုိ႔ရေနပါတယ္။ Android Version အေနနဲ႔ Android 9 Pie ကို အသံုးျပဳထားတာကိုလည္းေတြ႕ရပါတယ္။

Realme 3i ရဲ႕ Teaser ဓါတ္ပံုအရေတာ့ Realme 3 ဖုန္းလုိမ်ိဳးပဲ Waterdrop Notch Display ကို အသံုးျပဳထားမွာျဖစ္ျပီးေတာ့ Stylish Design ၊ Big Battery ေတြလည္း ပါဝင္ဦးမယ္လုိ႔သိရပါတယ္။ ေစ်းႏႈန္းအေနနဲ႔လည္း လက္ရွိ Realme 3 စမတ္ဖုန္းထက္ေတာင္ သက္သာဖုိ႔ရွိေနေတာ့ Realme အေနနဲ႔ Budget ဖုန္းေတြထဲမွာ ေတာ္ေတာ္ေလးကိုေနရာရယူႏုိင္ေနတယ္လုိ႔ ေျပာရမွာပါ။

Ref – GSM Arena

Unicode

OPPO ရဲ့ Brand အခွဲအနေနဲ့ ခွဲထွက်ပြီးနောက်ပိုင်း တဖြည်းဖြည်း နာမည်ရလာတဲ့ Realme ကနေ အခုအချိန်မှာ လက်ရှိအောင်မြင်နေတဲ့ Realme 3 စမတ်ဖုန်းထက် ပိုဈေးသက်သာပြီး စွမ်းဆောင်ရည်တူညီမယ့် Realme 3i စမတ်ဖုန်းကို လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့မှာ မိတ်ဆက်သွားတော့မယ်လို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။

အခု ဒီ Realme 3i စမတ်ဖုန်းကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်သွားမှာဖြစ်ပြီးတော့ Realme X စမတ်ဖုန်းလည်းပါဝင်လာမှာဖြစ်ပါတယ်။ Realme ကတော့ အခုမိတ်ဆက်ပွဲကို “Champion of Smartphones” ဆိုပြီး နာမည်ပေးထားပြီးတော့ Price to Performance မှာ အကောင်းဆုံးနေရာကို ရယူဖို့ရည်ရွယ်ထားတဲ့ပုံစံပါပဲ။

Realme X ဖုန်းကတော့ တရုတ်နိုင်ငံမှာ မိတ်ဆက်ထားပြီးဖြစ်တဲ့အတွက် အချက်အလက်တွေအကုန်လုံးကို သိနေပြီဖြစ်ပေမယ့် Realme 3i ဖုန်းကတော့ အခုအချိန်အထိ သတင်းအချက်အလက်အတိအကျမသိရသေးပါဘူး။ ဒါပေမယ့် Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench ကနေ ပေါက်ကြားလာတဲ့သတင်းတွေကြောင့် ဒီ Realme 3i နဲ့ ပတ်သတ်တဲ့သတင်းတစ်ချို့ကို သိလာခဲ့ရပါတယ်။

Geekbench ရဲ့ အဆိုအရတော့ ယခု Realme 3i စမတ်ဖုန်းက MediaTek ရဲ့ Helio P60 Processor ကိုပဲ အသုံးပြုလာမှာဖြစ်ပြီးတော့ RAM 4GB လည်းပါဝင်လာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် လက်ရှိရောင်းချနေတဲ့ Realme 3 နဲ့တောင် စွမ်းဆောင်ရည်ကတူညီတယ်လို့ ပြောလို့ရနေပါတယ်။ Android Version အနေနဲ့ Android 9 Pie ကို အသုံးပြုထားတာကိုလည်းတွေ့ရပါတယ်။

Realme 3i ရဲ့ Teaser ဓါတ်ပုံအရတော့ Realme 3 ဖုန်းလိုမျိုးပဲ Waterdrop Notch Display ကို အသုံးပြုထားမှာဖြစ်ပြီးတော့ Stylish Design ၊ Big Battery တွေလည်း ပါဝင်ဦးမယ်လို့သိရပါတယ်။ ဈေးနှုန်းအနေနဲ့လည်း လက်ရှိ Realme 3 စမတ်ဖုန်းထက်တောင် သက်သာဖို့ရှိနေတော့ Realme အနေနဲ့ Budget ဖုန်းတွေထဲမှာ တော်တော်လေးကိုနေရာရယူနိုင်နေတယ်လို့ ပြောရမှာပါ။

Ref – GSM Arena