realme ဟာ C65 စမတ်ဖုန်း အသစ်ကို နိုင်ငံတကာမှာ ကြေညာဖို့ ပြင်ဆင်နေပြီး အခုတော့ ဒီလ ၄ ရက်နေ့မှာ မိတ်ဆက်မယ်လို့ အတည်ပြုလိုက်ပါတယ်။

Realme C65

realme ရဲ့ ဒုတိယ ဥက္ကဌ Chase Xu က အဲဒီ သတင်းကို ကြေညာလိုက်တာ ဖြစ်ပြီး ကုမ္ပဏီက အနက်၊ ခရမ်းနဲ့ ရွှေရောင် ထုတ်လုပ်ထားမယ်လို့ လူမှုကွန်ရက်မှာ သတင်းပေးထားပါတယ်။ C65 ရဲ့ ဒီဇိုင်းဟာ Samsung Galaxy S22 နဲ့ တော်တော်လေး တူညီပြီး မျက်နှာပြင် အထက် အလယ်မှာ Punch Hole တပ်ဆင်ထားကာ realme 12 5G ရဲ့ Dynamic Button ပါပါတယ်။

Realme C65

Tipster Sudhanshu Ambhore က realme C65 ရဲ့ Specs တချို့ကို မျှဝေလိုက်ပါတယ်။ အဲဒီဖုန်းမှာ 6.67” IPS LCD မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 90Hz Refresh Rate နဲ့ 625 Nits Brightness ထောက်ပံ့ထားမှာပါ။ Helio G85 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 50MP Main ကင်မရာနဲ့ 8MP ဆဲလ်ဖီး ကင်မရာ ပါလာမှာပါ။

45W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery တပ်ဆင်ထားမှာ ဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ IP54 စံနှုန်း ပါလာမှာပါ။ Android  14 အခြေပြု Operating System မောင်းနှင်ထားမှာ ဖြစ်ပြီး Dual SIM Slots ၊ microSD Slot နဲ့ နားကြပ်ပေါက် ပါလာမှာပါ။

Ref : gizmochina