Realme GT Neo 5 ကို မိတ်ဆက်တော့မယ်လို့ ကုမ္ပဏီက အတည်ပြုလိုက်ပါတယ်။ Realme GT Neo 5 ဟာ ကမ္ဘာ့ပထမဦးဆုံး 240W အမြန်အားသွင်းစနစ်နဲ့ ဖုန်းဖြစ်လာပါလိမ့်မယ်။ ဒီနည်းပညာကို ပြီးခဲ့တဲ့လတုန်းကမှ Realme ထုတ်ဖော်ပြသခဲ့တာပါ။

လက်ရှိအချိန်အထိတော့ Realme GT Neo 5 ရဲ့ အမြန်အားသွင်းစနစ်အပြင် အခြားအသေးစိတ်အချက်အလက်တွေကို တရားဝင်ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ပေါက်ကြားမှုတွေနဲ့ အသိအမှတ်ပြုဆိုဒ်တွေကတစ်ဆင့် သိရှိထားတာတွေအရ Realme GT Neo 5 ဟာ Realme GT Neo 3 ရဲ့ ဆက်ခံသူအဖြစ် ထွက်ရှိလာမှာပါ။ ဘာဖြစ်လို့ Realme GT Neo 4 မထုတ်သလဲဆိုရင်တော့ တရုတ်နိုင်ငံက “4” ဂဏန်းကို ကံမကောင်းတဲ့ နံပါတ်အဖြစ် မှတ်ယူထားကြလို့ပါပဲ။

Tipster Abhishek Yadav ကတော့ Realme ဟာ GT Neo 5 ကို ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ပွဲထုတ်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ Weibo မှာတော့ Realme GT Neo 5 ရဲ့ ပိုစတာတွေက ပြီးခဲ့တဲ့ လကတည်းက ပျံ့နှံ့နှင့်ပြီး ဖြစ်ပါတယ်။ ပိုစတာတစ်ခုမှာတော့ GT Neo 5 ဟာ Snapdragon 8+ Gen 1 processor သုံးထားမယ်လို့ ဖော်ပြထားပါတယ်။

အခြားအချက်အလက်တွေအနေနဲ့ Optical image stabilization (OIS) ပံ့ပိုးမှုနဲ့ Sony IMX890 ပင်မ ကင်မရာအာရုံခံကိရိယာ ပါဝင်လာမယ်လို့ သိရပါတယ်။ ပေါက်ကြားထားတဲ့ Renders တွေအရတော့ အနက်ရောင် ကင်မရာ Module ပါတဲ့ Dual-tone ဒီဇိုင်းကို တွေ့ရပါတယ်။ ကျန်တဲ့ ကိုယ်ထည်ကတော့ အဖြူရောင်ပါပဲ။

Croe Specs တွေအနေနဲ့ Realme GT Neo 5 ဟာ 6.7-inch OLED မျက်နှာပြင်၊ 1.5k ရုပ်ထွက်၊ 144Hz refresh rate ဖြစ်ပါလိမ့်မယ်။ Fingerprint scanner ကတော့ မျက်နှာပြင်အောက်မှာပါ။ 16GB LPDDR5 RAM နဲ့ 256GB UFS 3.1 storage ကို ထောက်ပံ့ထားမယ်လို့ သိရပါတယ်။ 4,600mAh ဘက်ထရီကို 240W အားသွင်းစနစ် ထောက်ပံ့ပေးထားမှာ ဖြစ်ပေမဲ့ 5,000mAh ဘက်ထရီ အမျိုးအစားမှာတော့ 150W အားသွင်းစနစ်ကိုပဲ ထောက်ပံ့ထားမယ်လို့ သိရပါတယ်။

Ref: Gizmochina