realme က ဖိလစ်ပိုင်မှာ တန်ဖိုးနည်း Note 50 ကို ကြေညာလိုက်ပြီး ကုမ္ပဏီရဲ့ ပထမဆုံး Note စမတ်ဖုန်း ဖြစ်လာပါတယ်။ အဲဒီဖုန်းမှာ 90Hz မျက်နှာပြင်၊ Unisoc Chip ၊ ကြီးမားတဲ့ Battery နဲ့ ပါးလွှာတဲ့ ဒီဇိုင်း ထည့်သွင်းထားပါတယ်။

Realme Note 50

realme Note 50 မှာ 6.74” IPS LCD မျက်နှာပြင်ပါလာပြီး Resolution က HD+(1600×720 pixels) ဖြစ်ပါတယ်။ 90Hz Refresh Rate ၊ 180Hz Touch Sampling Rate နဲ့ 260ppi Pixel Dimensity ပါလာပါတယ်။ IP54 ရေစိုခံစံနှုန်း ထည့်သွင်းထားပြီး အထူက ၇.၉၉ မီလီမီတာနဲ့ အလေးချိန်က ၁၈၆ ဂရမ် ရှိပါတယ်။

ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး Face Unlock လည်း ပါပါတယ်။ Android 13 Go အခြေပြု realme UI T မောင်းနှင်ထားပါတယ်။

Realme Note 50 Launch Set for January 23; Specifications Listed by Retailer Site | Technology News

Note 50 မှာ Unisoc T612 Chip တပ်ဆင်ထားပြီး 4GB RAM နဲ့ 64GB Storage ပါပါတယ်။ 10W Charging  ထောက်ပံ့ထားတဲ့ 5,000mAh Battery ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။

အရှေ့ဘက်မှာ 5MP ကင်မရာနဲ့ အနောက်ဘက်မှာ 13MP ၊ Monochrome Sensor နဲ့ LED Flash ၁ လုံး တပ်ဆင်ထားပါတယ်။ dual SIM, Wi-Fi 802.11ac, Bluetooth 5.0, GPS, a USB-C port နဲ့ 3.5mm audio jack တွေ ထည့်သွင်းထားပါတယ်။

realme Note 50 ကို ဖိလစ်ပိုင်မှာ ၆၅ ဒေါ်လာ သတ်မှတ်ထားပြီး Midnight Black နဲ့ Sky Blue အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

Ref : gizmochina