realme ကနေ စမတ်ဖုန်း Series အသစ်ကို မိတ်ဆက်ဖို့ရှိနေတယ်ဆိုပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက သတင်းတွေထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ realme စမတ်ဖုန်းသစ်ကို realme V5 ဆိုပြီး ခေါ်ဆိုမှာဖြစ်တဲ့အပြင် Design Teaser ဓါတ်ပုံပါ ထွက်ရှိလာခဲ့ပါပြီ။

အဆိုပါ realme V5 စမတ်ဖုန်းဟာ V Series စမတ်ဖုန်းတွေထဲမှာ ပထမဆုံးဖြစ်လာမှာဖြစ်သလို realme ကနေ ကိုယ်ပိုင် Weibo စာမျက်နှာမှာတရားဝင်ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။ ယခုထုတ်ပြလိုက်တဲ့ ဓါတ်ပုံအရ နောက်ကျောဘက်မှာ “realme” ဆိုတဲ့ စာတန်းကို အပြည့်ရေးသားထားသလို လေးထောင့်ပုံစံ Quad Camera Setup ကိုလည်း ထည့်သွင်းထားတာကိုတွေ့ရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Fingerprint Sensor ကိုလည်း ဖုန်းရဲ့ ဘေးဘက် Power Button မှာပဲ တပ်ဆင်ပေးထားပါတယ်။ Selfie Camera ကိုတော့ Single Punch-hole Design ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

Back Camera အနေနဲ့ကတော့ 48MP Primary Sensor ပါဝင်တယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပြီး ကျန်တဲ့ Sensor တွေနဲ့ Selfie Camera ကိုတော့ မသိရှိရသေးပါဘူး။ Specification တွေအနေနဲ့လည်း ခန့်မှန်းဖို့ ခက်ခဲနေပြီးတော့ 5G ကို Support ပြုလုပ်တဲ့အတွက် Qualcomm Snapdragon 730G သို့မဟုတ် 765G ကိုအသုံးပြုလာနိုင်သလို MediaTek ရဲ့ Dimensity 800 Series Chipset တွေကိုလည်း အသုံးပြုလာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် realme ကနေ ယခု V Series စမတ်ဖုန်းတွေနဲ့ Mid Range 5G စမတ်ဖုန်းစျေးကွက်ထဲကို ဝင်ရောက်လာဖွယ်ရှိနေပါတယ်။

Ref – GSM Arena