[Zawgyi]

Realme Myanmar က realme 5 series သစ္ျဖစ္သည့္ realme 5 ႏွင့္ realme 5 Pro ထုတ္ကုန္သစ္မ်ားကို အႏုပညာရွင္မ်ားစြာပါဝင္တက္ေရာက္မႈ ႏွင့္အတူ တရားဝင္မိတ္ဆက္ေၾကညာေပးခဲ့သည္။ ယခုထုတ္ကုန္သစ္မ်ားတြင္ Leap To Quad Camera ဆိုသည့္အတိုင္း ေနာက္ဘက္ကင္မရာ ၄လုံးစီပါဝင္မည္ျဖစ္သည့္အတြက္ ထူးျခားသည့္ ကင္မရာ႐ိုက္ကူးမႈအေတြ႕အႀကဳံသစ္မ်ားကို အျပည့္အဝခံစားရေစမည္ျဖစ္သည္။

realme 5 Pro အတြက္ version ၂မ်ိဳးမိတ္ဆက္ေပးခဲ့ၿပီး RAM 4GB + ROM 128GB အတြက္ ၃၃၉,၉ဝဝ က်ပ္ႏွင့္ RAM 8GB + ROM 128GB အတြက္ ၃၉၉,၉ဝဝ က်ပ္အသီးသီးက်သင့္မည္ျဖစ္ကာ Sparkling Blue ႏွင့္ Crystal Green အေရာင္၂မ်ိဳးကို ေ႐ြးခ်ယ္ႏိုင္မည္ျဖစ္သည္။ realme 5 Pro ကို လာမည့္ေအာက္တိုဘာလ ၂ဝ ရက္ေနာက္ပိုင္းမွ စတင္ကာ ေဈးကြက္တြင္ စတင္ ေရာင္းခ်ေပးသြားရန္စီစဥ္ထားသည္။

realme 5 ကို ျမန္မာျပည္မိုဘိုင္းသုံးစြဲသူမ်ား ပိုမိုထိေတြ႕ႏိုင္ေစရန္ရည္႐ြယ္ခ်က္ျဖင့္ ထူးျခားသည့္ေဈးႏႈန္းျဖင့္ version ၃မ်ိဳးကိုမိတ္ဆက္ေပးခဲ့ျခင္းျဖစ္သည္။ RAM 3GB + ROM 32GB အတြက္ ၂၂၉,၉ဝဝ က်ပ္၊ RAM 3GB + ROM 64GB အတြက္ ၂၄၉,၉ဝဝ က်ပ္ႏွင့္ RAM 4GB + ROM 128GB အတြက္ ၂၇၉,၉ဝဝ က်ပ္အသီးသီးက်သင့္မည္ျဖစ္သည္။ realme 5 ကို Crystal Blue ႏွင့္ Crystal Purple ၂မ်ိဳးေ႐ြးခ်ယ္ႏိုင္မည္ျဖစ္ၿပီး ေဈးကြက္တြင္ေရာင္းခ်ေပးမည့္ရက္ကို realme Myanmar Facebook Page မွ ဆက္လက္ေၾကညာေပးသြားမည္ျဖစ္ေၾကာင္း သိရွိရသည္။

realme 5 Pro တြင္ Quad Camera အျဖစ္ ပင္မ 48MP AI Camera ႏွင့္အတူ ၁၁၉ ဒီဂရီအထိျမင္ကြင္းက်ယ္႐ိုက္ယူႏိုင္ေစမည့္ 8MP Ultra Wide-Angle Lens၊ 2MP Portrait Lens ႏွင့္ 2MP Ultra Macro Lens တို႔ကိုအသုံးျပဳေပးထားသည္။ 6.3-inch FullHD+ မ်က္ႏွာျပင္ႏွင့္ scree-to-body ration 90.6% အထိရွိသည့္အခ်က္ေၾကာင့္ မ်က္ႏွာျပင္ျပည့္ျမင္ကြင္းက်ယ္အေတြ႕အႀကဳံကိုခံစားရေစမည္ျဖစ္သည္။ Type-C အမ်ိဳးအစား 20W VOOC 3.0 Fast Charging နည္းပညာေၾကာင့္ 4035 mAh Battery ကို 0-100% အားျပည့္ေစရန္ မိနစ္ ၈ဝ ဝန္းက်င္သာၾကာျမင့္ေစမည္ျဖစ္သလို ဂိမ္းကစားေနရင္း အားသြင္းမည္ဆိုပါက တစ္နာရီအတြင္ Battery အား 43% အထိဝင္ေစဦးမည္ျဖစ္သည္။ စြမ္းေဆာင္ရည္အထူးေကာင္းမြန္သည့္ Third Generation အမ်ိဳးအစား Snapdragon 712 AIE processor ေၾကာင့္ 3D graphic ျမင့္မားသည့္ဂိမ္းအျမင့္မ်ားကိုပါ Frame Rate အေကာင္းဆုံးျမင့္ ကစားႏိုင္ေစမည္ျဖစ္သည္။

realme 5 မွာ Bigger Battery, Bigger Screen ဆိုသည့္အတိုင္း ႀကီးမားၾကာရွည္ခံေစမည့္ 5000mAh battery ကို ထည့္သြင္းေပးထားသည့္ ပထမဆုံး realme ဖုန္းတစ္လုံးျဖစ္လာခဲ့ၿပီး ဂိမ္းကစားရင္ေတာင္မွ ၁၃နာရီဝန္းက်င္အထိ အားခံေစမည္ျဖစ္သည္။ မ်က္ႏွာျပင္အ႐ြယ္အစားမွာလည္း 6.5-inch HD+ Display ကိုသုံးေပးထားၿပီး ပိုမိုႀကီးမားက်ယ္ျပန႔္သည့္မ်က္ႏွာျပင္အေတြ႕အႀကဳံေကာင္းကို ခံစားရေစဦးမည္ျဖစ္သည္။ realme 5 တြင္လည္း Leap To Quad ကင္မရာအေတြ႕အႀကဳံကို အျပည့္အဝရရွိေစရန္ ေနာက္ဘက္ကင္မရာ ၄လုံးအထိအသုံးျပဳေပးထားၿပီး ပင္မ 12MP Camera ႏွင့္အတူ realme 5 Pro တြင္အသုံးျပဳထားသည့္ ၁၁၉ ဒီဂရီ ျမင္ကြင္းက်ယ္ Ultra Wide-Angle Lens၊ Portrait Lens ႏွင့္ Ultra Macro Lens တို႔ ျပန္လည္ရယူအသုံးျပဳေပးထားသည္။ စြမ္းေဆာင္ရည္ပိုင္းတြင္လည္း ေဈးႏႈန္းတူဖုန္းမ်ားတြင္ ပိုမိုသာလြန္သည့္ Third Generation Snapdragon 665 AIE processor ကိုသုံးေပးထားၿပီး octa-core 2.0 GHz အထိေမာင္းႏွင္အားကိုရရွိေစမည္ျဖစ္သည္။ realme 5 series ထုတ္ကုန္တိုင္းတြင္ Holographic Crystal Texture နည္းပညာေၾကာင့္ 3D ႐ုပ္ႂကြႏွင့္အတူ ေရာင္ေျပးပုံစံေနာက္ေက်ာ္ဘက္ဒီဇိုင္းကို ပထမဆုံးထိေတြ႕ခြင့္ရရွိေစဦးမည္ျဖစ္သည္။

[Unicode]

အတန်ဆုံးဈေးနှုန်းများဖြင့် ပွဲထွက်လာခဲ့သည့် ကင်မရာ ၄လုံးစနစ်ပါ realme 5 နှင့် realme 5 Pro တို့ကို မကြာခင်ရောင်းချပေးသွားမည်

Realme Myanmar က realme 5 series သစ်ဖြစ်သည့် realme 5 နှင့် realme 5 Pro ထုတ်ကုန်သစ်များကို အနုပညာရှင်များစွာပါဝင်တက်ရောက်မှု နှင့်အတူ တရားဝင်မိတ်ဆက်ကြေညာပေးခဲ့သည်။ ယခုထုတ်ကုန်သစ်များတွင် Leap To Quad Camera ဆိုသည့်အတိုင်း နောက်ဘက်ကင်မရာ ၄လုံးစီပါဝင်မည်ဖြစ်သည့်အတွက် ထူးခြားသည့် ကင်မရာရိုက်ကူးမှုအတွေ့အကြုံသစ်များကို အပြည့်အဝခံစားရစေမည်ဖြစ်သည်။

realme 5 Pro အတွက် version ၂မျိုးမိတ်ဆက်ပေးခဲ့ပြီး RAM 4GB + ROM 128GB အတွက် ၃၃၉,၉ဝဝ ကျပ်နှင့် RAM 8GB + ROM 128GB အတွက် ၃၉၉,၉ဝဝ ကျပ်အသီးသီးကျသင့်မည်ဖြစ်ကာ Sparkling Blue နှင့် Crystal Green အရောင်၂မျိုးကို ရွေးချယ်နိုင်မည်ဖြစ်သည်။ realme 5 Pro ကို လာမည့်အောက်တိုဘာလ ၂ဝ ရက်နောက်ပိုင်းမှ စတင်ကာ ဈေးကွက်တွင် စတင် ရောင်းချပေးသွားရန်စီစဉ်ထားသည်။

realme 5 ကို မြန်မာပြည်မိုဘိုင်းသုံးစွဲသူများ ပိုမိုထိတွေ့နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ထူးခြားသည့်ဈေးနှုန်းဖြင့် version ၃မျိုးကိုမိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ RAM 3GB + ROM 32GB အတွက် ၂၂၉,၉ဝဝ ကျပ်၊ RAM 3GB + ROM 64GB အတွက် ၂၄၉,၉ဝဝ ကျပ်နှင့် RAM 4GB + ROM 128GB အတွက် ၂၇၉,၉ဝဝ ကျပ်အသီးသီးကျသင့်မည်ဖြစ်သည်။ realme 5 ကို Crystal Blue နှင့် Crystal Purple ၂မျိုးရွေးချယ်နိုင်မည်ဖြစ်ပြီး ဈေးကွက်တွင်ရောင်းချပေးမည့်ရက်ကို realme Myanmar Facebook Page မှ ဆက်လက်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

realme 5 Pro တွင် Quad Camera အဖြစ် ပင်မ 48MP AI Camera နှင့်အတူ ၁၁၉ ဒီဂရီအထိမြင်ကွင်းကျယ်ရိုက်ယူနိုင်စေမည့် 8MP Ultra Wide-Angle Lens၊ 2MP Portrait Lens နှင့် 2MP Ultra Macro Lens တို့ကိုအသုံးပြုပေးထားသည်။ 6.3-inch FullHD+ မျက်နှာပြင်နှင့် scree-to-body ration 90.6% အထိရှိသည့်အချက်ကြောင့် မျက်နှာပြင်ပြည့်မြင်ကွင်းကျယ်အတွေ့အကြုံကိုခံစားရစေမည်ဖြစ်သည်။ Type-C အမျိုးအစား 20W VOOC 3.0 Fast Charging နည်းပညာကြောင့် 4035 mAh Battery ကို 0-100% အားပြည့်စေရန် မိနစ် ၈ဝ ဝန်းကျင်သာကြာမြင့်စေမည်ဖြစ်သလို ဂိမ်းကစားနေရင်း အားသွင်းမည်ဆိုပါက တစ်နာရီအတွင် Battery အား 43% အထိဝင်စေဦးမည်ဖြစ်သည်။ စွမ်းဆောင်ရည်အထူးကောင်းမွန်သည့် Third Generation အမျိုးအစား Snapdragon 712 AIE processor ကြောင့် 3D graphic မြင့်မားသည့်ဂိမ်းအမြင့်များကိုပါ Frame Rate အကောင်းဆုံးမြင့် ကစားနိုင်စေမည်ဖြစ်သည်။

realme 5 မှာ Bigger Battery, Bigger Screen ဆိုသည့်အတိုင်း ကြီးမားကြာရှည်ခံစေမည့် 5000mAh battery ကို ထည့်သွင်းပေးထားသည့် ပထမဆုံး realme ဖုန်းတစ်လုံးဖြစ်လာခဲ့ပြီး ဂိမ်းကစားရင်တောင်မှ ၁၃နာရီဝန်းကျင်အထိ အားခံစေမည်ဖြစ်သည်။ မျက်နှာပြင်အရွယ်အစားမှာလည်း 6.5-inch HD+ Display ကိုသုံးပေးထားပြီး ပိုမိုကြီးမားကျယ်ပြန့်သည့်မျက်နှာပြင်အတွေ့အကြုံကောင်းကို ခံစားရစေဦးမည်ဖြစ်သည်။ realme 5 တွင်လည်း Leap To Quad ကင်မရာအတွေ့အကြုံကို အပြည့်အဝရရှိစေရန် နောက်ဘက်ကင်မရာ ၄လုံးအထိအသုံးပြုပေးထားပြီး ပင်မ 12MP Camera နှင့်အတူ realme 5 Pro တွင်အသုံးပြုထားသည့် ၁၁၉ ဒီဂရီ မြင်ကွင်းကျယ် Ultra Wide-Angle Lens၊ Portrait Lens နှင့် Ultra Macro Lens တို့ ပြန်လည်ရယူအသုံးပြုပေးထားသည်။ စွမ်းဆောင်ရည်ပိုင်းတွင်လည်း ဈေးနှုန်းတူဖုန်းများတွင် ပိုမိုသာလွန်သည့် Third Generation Snapdragon 665 AIE processor ကိုသုံးပေးထားပြီး octa-core 2.0 GHz အထိမောင်းနှင်အားကိုရရှိစေမည်ဖြစ်သည်။ realme 5 series ထုတ်ကုန်တိုင်းတွင် Holographic Crystal Texture နည်းပညာကြောင့် 3D ရုပ်ကြွနှင့်အတူ ရောင်ပြေးပုံစံနောက်ကျော်ဘက်ဒီဇိုင်းကို ပထမဆုံးထိတွေ့ခွင့်ရရှိစေဦးမည်ဖြစ်သည်။